မြောင်မြို့နယ် ပရိမ္မရွာ၌ 27 Revolution Forces တပ်စခန်း ဝင်စီးခံရ ၊ လက်နက်ခဲယမ်း အများအပြားဆုံးရှုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ပရိမ္မကျေးရွာ တစ်နေရာ၌ တပ်စွဲထားသည့် ဒေသကာကွယ်ရေးတပ် 27 Revolution Forces (မြင်းခြံ) အဖွဲ့၏ စခန်းကို စစ်ကောင်စီတပ် အင်အား ၂၀၀ ကျော်က ဝင်ရောက် စီးနင်းရာ စခန်းစွန့်၍ လက်နက် အများအပြား ဆုံးရှုံးခဲ့ရကြောင်း အဖွဲ့ တာဝန်ခံက ပြောသည်။

27 Revolution Forces အဖွဲ့သည် အဆိုပါနေရာတွင် စခန်းချ နေထိုင်သည်မှာ နှစ်လခန့် ရှိပြီ ဖြစ်သည်။ ပရိမ္မကျေးရွာ မြောက်ဘက်ရှိ ဘုရားတွင် ရောက်ရှိနေသော စစ်ကောင်စီတပ်က ယမန်နေ့ မေလ ၄ ရက် နံနက် ၅ နာရီခန့်တွင် ၎င်းတို့စခန်းကို အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်ကိုယ်တိုင် တစ်ညလုံး မအိပ်ဘဲ စောင့်တဲ့ကြားက ဒီလို ဖြစ်သွားတယ်။ ထင်မထားတဲ့ လမ်းကြောင်းကပေါ့။ သူတို့လည်း ညဘက် မိုးရွာတာကို အခွင့်ကောင်း ယူပြီးတော့ စောင့်နေပုံ ရတယ်။ စစ်ကြောင်းသုံးကြောင်း မတန်တဆ ထိုးလိုက်တာပေါ့။ ကျွန်တော်တို့ ခံပစ်ချိန်တောင် သိပ်ပြီး မရလိုက်ဘူး” ဟု အဖွဲ့တာဝန်ခံက မဇ္ဈိမကို ပြောသည်။

ရွာအနောက်မြောက်ဘက်၊ မြောက်ဘက်နှင့် အရှေ့မြောက်ဘက် သုံးနေရာမှ လက်နက်ကြီးနှင့် ပစ်ခတ်ကာ အင်အား အလုံးအရင်းဖြင့် လက် နက်ငယ်များနှင့် ဆက်တိုက် ပစ်ဖောက် ဝင်ရောက် လာခြင်း ဖြစ်ကြောင်း သူက ပြောပြသည်။

“သူတို့ နောက်ဖေးက ဝင်မယ် ထင်နေတာ။ ကျွန်တော်တို့ မထင်မှတ်ထားတဲ့ အပေါက်က ဝင်လာတယ်။ ပထမက သူတို့ အင်အား ၁၀၀ လောက်ပဲ ထင်တာ။ ပြန်ကြည့်တော့မှ အင်အားက ၂၀၀ ကျော်လောက် ရှိတယ်။ ၁၀၀ လောက်ပဲဆို ခံပစ်လို့ရတယ်။ ပစ်မယ်ပေါ့။ ပစ္စည်းရအောင် ထုတ်မယ်ဆိုပြီး လုပ်ထားတာ။ ဒါပေမဲ့ နောက်ဆုံးတော့ အားမသန်လို့ မာန်လျော့ လိုက်ရတယ်။ လူပဲ အလွတ် ရုန်းခဲ့ရတယ်။ တော်တော်များများ ဆုံးရှုံးပါတယ်” ဟု 27 Revolution Forces တာဝန်ခံက ပြောပြသည်။

အဆိုပါစခန်း စီးနင်းခံရမှုတွင် ကား သုံးစီး၊ ဆိုင်ကယ် ၂၃ စီး၊ ကိုးလုံးကျည် လက်လုပ်သေနတ် ငါးလက်၊ ၅.၅၆ ကျည် အသုံးပြုရသည့် လက် လုပ် ရှစ်လက်၊ ဒရုန်း အများအပြား၊ AK ကျည် အတောင့် ၄,၀၀၀ နှင့်အတူ အခြား ခဲယမ်း အများအပြား ဆုံးရှုံး ခဲ့ရသော်လည်း အဖွဲ့ဝင်များ အကျအဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့သည်။

“ငါးနာရီ မတ်တင်း ( ၄ နာရီ ၄၅ မိနစ် )လောက်မှာ စတိုက်တာပါ။ ကျွန်တော်တို့ ဒီဘက်မှာ ကင်းစောင့်ရင်း သူတို့ စစ်ကြောင်းကို စောင့်နေတာပါ။ ဘာမှ မကြားလို့ မနက် ၄ နာရီခွဲမှာ စခန်းကို ပြန်လာတာ။ ရောက်ပြီး ၁၅ မိနစ်လောက်နေတော့ စပြီး လက်နက်ကြီးနဲ့ လှမ်းထုတော့တာပဲ။ ခက်ခက်ခဲခဲပါ။ သူထု ကိုယ်ထု ဖြစ်ကြတာ။ အဲ့အချိန် ကျွန်တော်တို့ တပ်ရင်းမှူး ကနေ မရတော့ဘူး ပြောတဲ့အချိန်မှ ကျွန်တော်တို့ ပြန်ဆုတ်ခဲ့တာ။ အင်အားကို မြင်လိုက်ရတော့ မနိုင်တော့ဘူး ဆိုတာ သိလိုက်ရတဲ့ အချိန်မှာ အားလုံးကို ထွက်လို့ရအောင် ဆိုပြီး ကျွမ်းကျင်တဲ့ ခုနစ်ယောက်လောက်က ခံပစ် ပေးသေးတယ်။ အဲ့လိုကနေ တစ်ဖွဲ့ချင်း ထွက်လာခဲ့ရတာ။ ကျွန်တော်တို့ အားနည်းချက်တွေကို ပြန်ပြီး ပြင်ဆင်ရဦးမယ် ”ဟု အဖွဲ့တာဝန်ခံက ပြောသည်။

အဆိုပါစစ်ကောင်စီတပ်မှာ လက်ရှိအချိန်ထိ ပရိမ္မကျေးရွာတွင် တပ်စွဲထားဆဲ ဖြစ်ကာ ဒေသခံ ရာနှင့်ချီ ထွက်ပြေး တိမ်းရှောင်နေရဆဲ ဖြစ် သည်။

ထို့အပြင် ရွာထဲ၌ ပိတ်မိ ကျန်ရစ်နေသည့် ရွာခံ အများအပြားကိုလည်း ဖမ်းဆီးထားပြီး ရွာသား သုံးဦးကို သတ်ဖြတ်ခဲ့ကြောင်း ၎င်း၏ ပြောပြချက်အရ သိရှိရသည် mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s