ယင်းမာပင်မြို့နယ် ဖိုလ်ဝင်းတောင် အနီး၌ စစ်ကောင်စီတပ် မိုင်းဆွဲ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့ အရှေ့ဘက် ဗိုလ်ဝင်းတောင် သစ်တော ကြိုးဝိုင်း အနီး၌ စစ်ကောင်စီ တပ်ကို ဒေသခံပြည်သူ့ ကာကွယ်ရေး တပ်များက ယနေ့ မေလ ၅ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ် ခန့်တွင် မိုင်းဆွဲ တိုက်ခိုက်သည်။

တိုက်ခိုက်မှုကို မြန်မာ့ တော်ဝင်နဂါး တပ်တော် ၊ ရွှေတြိဂံ နှင့် မြောက်ယမား ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ မှ ရဲဘော်များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ စစ်ကောင်စီတပ်သားများ အသေ အဆုံးနှင့် ပတ်သက်၍ အသေးစိတ်ကို လတ်တလော မသိ ရှိရသေးပေ။

”စစ်ကောင်စီ အင်အား ၁၅၀ လောက်တော့ ရှိမယ်ဗျ ၊ စစ်ကောင်စီ တပ်သားတွေ လာတဲ့လမ်းကို မိုင်း ငါးလုံး ခွဲပြီး တိုက်ခိုက်ခဲ့တာ။ စစ်သား အသေအဆုံးတော့ မသိရသေးဘူး။ မိုင်းခွဲ ပြီးတော့ ကျွန်တော်တို့ လက်နက်ငယ်တွေနဲ့ ပစ်ခဲ့ကြတယ်။ ကျွန်တော်တို့ ဘက်ကတော့ အထိအ ခိုက် မရှိဘူးဟု ” တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် တစ်ကိုယ်တော် သုဘရာဇာ (ဆားလင်းကြီး) က ပြောသည်။

စစ်ကောင်စီ တပ်သား ၁၅၀ ခန့် ပါသည် စစ်ကြောင်းသည် ဆားလင်းကြီး မြို့နယ် ဝါးတန်းကျေးရွာ၌ လက်ရှိ တပ်စွဲလျက် ရှိသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s