ရန်ကုန်မြို့ လှည်းတန်း၌ ဆိုက်ကားဆရာ အုပ်စုဖွဲ့ ဓားထိုးခံရပြီး သေဆုံး

ရန်ကုန် မြို့၊ လှည်းတန်း၌ အနှေးယာဥ် လုပ်သား (ဆိုက်ကားဆရာ) တစ်ဦး ယမန်နေ့ မေလ ၄ ရက် နံနက် ၁၀ နာရီ ဝန်းကျင်တွင် လူ ငါးဦးကျော်ပါသည့် အုပ်စုက ဓားဖြင့်ထိုးသဖြင့် သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

” ဓားသုံးချက်လောက် အထိုးခံရတယ်။ လည်ပင်း ရင်အုံနဲ့ ဗိုက်နားပေါ့ ။ နေရာမှာတင် ဆုံးသွားတယ် ”ဟု မျက်မြင် တွေ့ရှိသူ တစ်ဦးက ဆို သည်။

သေဆုံးသွားသည့် ဆိုက်ကားဆရာသည် လှည်းတန်းလမ်းဆုံ၌ မေလ ၃ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သော ဖုန်းလုယက် ခံရမှုတွင် ခါးပိုက်နှိုက်ကို ဝိုင်းဝန်း ဖမ်းဆီးပေးခဲ့သူ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

“အဲ့ဒီကောင်တွေက သူ (ယခုသေဆုံးသူ) ရဲလက် အပ်ခဲ့တဲ့ ခါးပိုက်နှိုက်တွေပဲ။ အရင်ကလည်း သူက ခါးပိုက်နှိုက် သုံးလေးယောက်လောက်ကို ဝိုင်းဖမ်းပေးပြီး ရဲလက် အပ်ပေးဖူးတယ်။ ဒီကောင်တွေက ညနေပိုင်းတွေ လူများတဲ့အချိန် ဒီနားမှာ လာလာ လှုပ်ရှားနေကြတာ ” ဟု ဒေသခံ မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိသေဆုံးသူ အနှေးယာဥ်လုပ်သား ဦးကတုံးသည် မိသားစုနှင့် ကလေးများ ရှိပြီး ခုနစ်မိုင်ခွဲတွင် နေထိုင်သူ ဖြစ်သည်ဟု ဆိုသည်။

ဦးကတုံး အသတ်ခံရသည့် နေ့တွင် ယင်းနေရာ အနီး ဆင်းကတ် ရောင်းဝယ်သူ တစ်ဦးလည်း တိုက်ခိုက် ခံခဲ့ရပြီး ထွက်ပြေး ခြင်းကြောင့် အ သက်သေဆုံးခဲ့ခြင်း မရှိကြောင်း မျက်မြင် တွေ့ရှိသူက ပြောသည်။

” ဆင်းကတ်ရောင်းတဲ့ သူကိုလည်း အဲ့ဒီကောင်လည်း ပါတယ်ဆိုပြီး ဝိုင်းလုပ်တာ။ သူထွက်ပြေးလို့ မသေဘဲ လွတ်တာ။ ဒါတောင် ပေါင်ကို ဓားထိုး ခံလိုက်ရသေးတယ်” ဟု ၎င်းက ပြောသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s