ရွှေဘိုနှင့် ဝက်လက် အစပ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က ရွာလုံးကျွတ် မီးတင်ရှို့နေပြီး ပြည်သူ ၃ဝ ခန့်ကို ရိုက်နှက် ဖမ်းဆီးထား

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နှင့် ဝက်လက် အစပ်ရှိ ကုလားမရွာ၊ လက်ကောက်ကျရွာနှင့် ထုံးဘိုကုန်းရွာများကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၅ ရက်နေ့ ညနေပိုင်းတွင် ဝင်ရောက်စီးနင်းပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီနေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်သည် ရွှေဘိုမြို့နယ်အတွင်းရှိ ကုလားမရွာနှင့် လက်ကောက်ကျရွာကို ဝင်ရောက်စီးနင်းစဉ်၌ ပြည်သူ ၃ဝခန့်ကို ရိုက်နှက်ဖမ်းဆီးခဲ့ကာ ရွာလုံးကျွတ် မီးရှို့နေခြင်း ဖြစ်ကြောင်း သိရသည်။

” စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ ဝက်လက် အစပ်မှာရှိတဲ့ ကုလားမရွာ၊ လက်ကောက်ကျရွာနဲ့ ထုံးဘိုကုန်းရွာကို စစ်ခွေးတွေ မီးရှို့နေတယ်။ မွန်းလွဲ ၂ နာရီ ၃ဝ မိနစ်မှာ ရွာထဲဝင်လာပြီးတော့ ညနေ ၄ နာရီတည်းက စရှို့နေတာ ထုံးဘိုကုန်းရွာကိုလည်း ရှို့နေပြီလို့ သိရတယ်။ ကုလားမရွာနဲ့ လက်ကောက်ကျရွာ ၂ ရွာလုံးကတော့ ပြာကျသွားပြီ ကုလားမရွာမှာ ပြည်သူ ၃၀ လောက်ကို ရိုက်နှက် ဖမ်းဆီး ထားတယ်လို့ သိရတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

ကုလားမရွာနှင့် လက်ကောက်ကျရွာသည် ရွာချင်းထိဆက်နေသော ကျေးရွာကြီးများဖြစ်ပြီး ၂ ရွာပေါင်း အိမ်ခြေ ၁ဝဝဝ ခန့်ရှိကာ အကြမ်း ဖက် စစ်တပ်က ရွာတောင်ပိုင်းနှင့် မြောက်ပိုင်းမှ မီးရှို့ခဲ့ခြင်းဖြစ်ကာ လက်ရှိချိန်ထိ ပြည်သူများ ကျေးရွာအတွင်းသို့ ဝင်ရောက် နိုင်ခြင်း မရှိသေးဘဲ ရွာမီးလောင်နေသည်ကိုသာ ထိုင်ကြည့်နေရကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s