သကျက်တောရဲစခန်းကို သွေးစ္စာသီချင်းနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေးကြွေးကြာ်သံများ သီဆိုဟစ်ကြွေး၍ PDF များ ဝင်တိုက်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ သကျက်တောနယ်မြေရဲစခန်းကို မနေ့မေ လ ၅ ရက်နေ့ ညပိုင်းမှာ သွေးစ္စာသီချင်းနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေးကြွေးကြာ်သံတွေ သီဆိုဟစ်ကြွေးပြီးတော့ PDF တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။

မေလ ၅ ရက်နေ့ ည ၉နာရီခွဲဝန်းကျင်လောက်ကနေ နှစ်ဖက်လက်နက်ကြီး လက်နက်ငယ်တွေပစ်ခတ်နေကြပြီး မနက် ၃နာရီခွဲလောက်အထိပစ်ခတ်သံတွေကြားရတယ်လို့ဆိုပါတယ်။

“PDF တွေက သွေးသစ္စာသီချင်းတွေ၊ စစ်အာဏာရှင်ဆန့်ကျင်တဲ့ကြွေးကြော်သံတွေအော်ပြီး ပစ်တာ။ လက်နက်ကြီးသံတွေလည်းကြားတယ် တစ်ရွာလုံးမြေပါတုန်သွားတာပဲ။ စခန်းကိုတော့သိမ်းလို့မနိုင်လိုက်ဘူးထင်တယ်”လို့သကျက်တောရွာခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ရေလမ်းကနေစစ်ကူတွေရောက်လာပြီး အင်အားအများအပြားနဲ့ သကျက်တောရွာမှာ အခုမနက်ရွာထဲမှာဝင်ရောက်ရှာဖွေစစ်ဆေးနေတယ်လို့သိရပါတယ်။

“ရွာထဲမှာတော့ ရွာခံတွေမိသားစုလိုက် အရုဏ်တက်ကတည်းက နီးစပ်ရာခြံတွေထဲပြေးကုန်ကြပြီ။ ရွာထဲမှာအခုလက်ရှိစစ်သားတွေ ဝင်မွှေပြီး ရွာသားတချို့ကိုဖမ်းဆီးထားတယ်” လို့ရွာခံက ပြောပါတယ်။

လက်ရှိမှာ ရွာသား၅ ဦးဖမ်းဆီးခံထားရပြီး သေနတ်ပစ်ဖောက်မှုတွေလည်းပြုလုပ်နေတယ်လို့သိရပါတယ်။

ညကတိုက်ခိုက်မှုအခြေအနေ အသေးစိတ်နဲ့ နှစ်ဖက်ထိခိုက်ကျဆုံးမှုကိုတော့မသိရသေးပါဘူး။

လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF) ကတော့ လောင်းလုံးမြို့နယ်မှာ ဆိုင်ကယ်၊ ကားတွေနဲ့ သုံးရက်ခရီးမသွားဖို့ မနေ့ည ၁၀ နာရီဝန်းကျင်ကထုတ်ပြန်ခဲ့ပြီး ဒီနေ့မနက်မှာတော့ လူသွားလူလာနည်းပါးနေတယ်လို့သိရပါတယ်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s