အရာတော်မြို့နယ်တိုက်ပွဲတွင် ကာကွယ်ရေး ရဲဘော် ၁ ဦး ကျဆုံး

စစ်ကိုင်းတိုင်း ၊အရာတော်မြို့နယ်၊ညောင်ပင်ကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကာကွယ်ရေး ရဲဘော်တစ်ဦး ကျဆုံးသွားကြောင်း မုံရွာခရိုင်တပ်ရင်း ၂ – ၃- ၄ (Chindwin Attack Force) က ယမန်နေ့ မေလ ၅ရက် တွင် ထုတ်ပြန်ကြေညာသည်။

မေလ ၂ရက်နေ့ အရာတော်မြို့နယ် မလဲသာ ကျေးရွာ အိမ်ခြေ ၅၀၀ ကျော်အား မီးရှို့ဖျက်ဆီးသည့်အပြင် ၄၀မမ ၆၀မမ ကျည်အမျိုးအစားတို့ဖြင့် ပစ်ခတ်ကာ ထွက်ခွာလာသော စစ်ကောင်စီ စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် မုံရွာခရိုင်တပ်ရင်း(၄) (Chindwin Attack Force) တပ်ခွဲ (၃) Ayardaw Falcon Force (AF2) မှ ရဲဘော် ကိုမင်းသိန်းအောင် (အသက် ၁၇)နှစ် ကျဆုံးခဲ့ပြီး ပြည်သူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အပြန်အလှန်ပစ်ခတ်မှု မိနစ်၂၀ကျော်ဖြစ်ပွားခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့မှ ၄၀မမ ဖြင့် နှစ်ချက်ပြန်လည်ပစ်ခတ်ချိန်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြန်လည်ဆုတ်ခွာလာခဲ့ရကြောင်းဆိုသည်။

ယင်းတိုက်ပွဲအား မုံရွာခရိုင်တပ်ရင်း (၄) (Chindwin Attack Force) တပ်ခွဲ(၁) သပြေညိုပြောက်ကျားတပ်ဖွဲ့ ၊ တပ်ခွဲ (၃) Ayardaw Falcon Force (AF2) မှ ဦးဆောင်ပြီး Ayardaw Bone Naing PDF (A.B.N.PDF) ၊ Black Eagle Defence Force – MMU ၊ Excellent Flag တပ်ဖွဲ့ ၊ ဗမာ့ဇာမဏီတပ်ဦး BPF ၊ People’s Guerillas Commando – MMU ၊ ပတ္တမြားညီနောင်ပြောက်ကျားတပ်ဖွဲ့ ၊ ATM မြေပြင်ပြောက်ကျား တပ်ဖွဲ့ ၊ Night OF The Red Land(KORL) ပြောက်ကျားတပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း(၁) MPDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မေလ ၃ရက်နေ့ကလည်း မြင်းမူမြို့နယ် ပဒတ္ထိုင်းကျေးရွာသို့ စစ်ကောင်စီတပ်များ ရွှေ့ပြောင်းသွားသဖြင့် ရှော့တိုက်ဒုံးများ၊ လက်နက်ငယ်များဖြင့်သွားရောက်တိုက်ခိုက်ခဲ့ကာ ၄၅မိနစ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မေလ ၅ရက်နေ့ ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုအား အတိအကျမသိရသော်လည်း ၎င်းတို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ကြောင်း သိရသည်။

ယင်းတိုက်ပွဲကို မုံရွာခရိုင်တပ်ရင်း (၄ ) (Chindwin Attack Force) တပ်ခွဲ(၁) သပြေညိုပြောက်ကျားတပ်ဖွဲ့ ၊ တပ်ခွဲ (၃) Ayardaw Falcon Force (AF2) မှ ဦးဆောင်ပြီး Ayardaw Bone Naing PDF (A.B.N.PDF) ၊ Black Dragon Special Task Force ၊ People Defense Force – South Monywa ၊ Excellent Flag တပ်ဖွဲ့ ၊ ဗမာ့ဇာမဏီတပ်ဦး BPF ၊ အရာတော်မြို့နယ် ပကဖ ၊ ပတ္တမြားညီနောင် ပြောက်ကျားတပ်ဖွဲ့ ၊ ATM မြေပြင်ပြောက်ကျားတပ်ဖွဲ့၊ Night OF The Red Land(KORL) ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s