KNU တပ်မဟာ ၅ တွင် စစ်ကောင်စီတပ် BGF ပူးပေါင်းတပ်ဖွဲ့နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ကြား ဧပြီလအတွင်း တိုက်ပွဲ ၃၈၃ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၁၇၃ ဦး သေ ဆုံး၊ KNLA ပူးပေါင်းအဖွဲ့မှ ၃ ဦး ကျဆုံး

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ မူတြော် (ဖာပွန်) ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၊ လက်ပါးစေ BGF ပူးပေါင်းတပ်ဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကြား ၂၀၂၂ ခုနှစ် ဧပြီလတွင် တိုက်ပွဲ ၃၈၃ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီနှင့် BGF ဘက်မှ တပ်ရင်းမှူး ၁ ဦး၊ ဒုတပ်ရင်းမှူး ၁ ဦးအပါအဝင် ၁၇၃ ဦး သေဆုံးကာ ၈၇ ဦး ဒဏ်ရာရကြောင်း KNU မူတြော်သတင်း စဉ်က ထုတ်ပြန်သည်။

တိုက်ပွဲများအတွင်း KNLA ဘက်မှ ၃ ဦးကျဆုံးကာ ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

KNU တပ်မဟာ ၅ တပ်ရင်းတပ်ဖွဲ့များက အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပို့မော်တော်ယာဉ် ၄ စီး၊ လက်နက်သိုလှောင်ရုံ ဂိုဒေါင် ၂ လုံးနှင့် စစ်သုံး မြင်း၊ လား ၄ ကောင်ကို သတ်ဖြတ်နိုင်ခဲ့ကြောင်း KNU က ဆိုသည်။

ဧပြီလအတွင်း တပ်မဟာ ၅ နယ်မြေသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းမှ ၇ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ဒေသခံ ပြည်သူများနေ ထိုင်သည့် ကျေးရွာများ၊ ဥယျာဉ်ခြံမြေများအတွင်းသို့ လက်နက်ကြီးများဖြင့် ၆၁၄ လုံး ပစ်ခတ်ခဲ့ကြောင်း KNU တပ်မဟာ ၅ လစဉ်တိုက်ပွဲ အ နှစ်ချုပ်မှတ်တမ်းများအရ သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s