ကရင်နီပြည်နယ်တွင် စစ်ရှောင်ကလေးငယ်များ ဝါးပေါင်းခံရည်ပြုလုပ်၍ ဝင်ငွေရှာဖွေ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တစ်နေရာတွင် စစ်ကောင်စီတပ်များ၏ ထိုးစစ်ဆင်မှုကြောင့် စစ်ဘေးရှောင်နေရသည့် ဒေသခံကလေးငယ်များသည် ဝါးပေါင်းခံရည်ပြုလုပ်၍ ဝင်ငွေရှာဖွေလျက်ရှိကြောင်း သိရသည်။
ရေသန့်ဘူး တစ်လီတာ ပါဝင်သည့် ဝါးပေါင်းခံရည် တစ်ဘူးလျင် ကျပ်ငွေ ၂,၀၀၀ ရရှိပြီး ဒေသခံ ကလေးငယ်များက တစ်ရက်လျှင် ဝါးပေါင်း ခံရည် ငါးဘူး ပြုလုပ်နိုင်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။
အဆိုပါ ဝါးပေါင်းခံရည် ကို ဒေသခံများက မြေသြဇာ အစားထိုးအနေဖြင့် အသုံးပြုကာ ဖရုံ ၊ ဖရဲ ၊မုန်လာ ၊ ခဝဲသီး အစရှိသည့် သီးနှံများစိုက် ပျိုးရာတွင် အသုံးပြုကြကြောင်းကို သိရသည်။
ဝါးပေါင်းခံရည်ဆိုသည်မှာ ဝါးအစိမ်းကို မီးရှို့ပေါင်းခံရာက အအေးခံထွက်လာသော အရည်တမျိုးဖြစ်ပြီး ဂျပန်စိုက်ပျိုးရေး တောင်သူများနှင့် သြဂဲနစ်စိုက်ခင်းများတွင် အများဆုံးအသုံးပြုကြသည်။ ဝါးပေါင်းခံရည်ကို သီးနှံမစိုက်ပျိုးမီနှင့် စိုက်ပျိုးပြီးအချိန်များတွင် အပင်၏အမြစ် အာ ဟာရ စုပ်ယူမှု အားကောင်းစေရန်နှင့် ပိုးမွှားအန္တရာယ်ကာကွယ်ရန် အသုံးပြုနိုင်ကြောင်း သိရသည်။ mizzima