ခြေလျင်တပ်ရင်း ခလရ-၁၃၆ မှ တပ်ကြပ်ကြီးစာရေး ကိုဟိန်းမင်းထွန်း ပြည်သူ့ရင်ခွင်သို့ ခို လှုံ

ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်သည့် Independence Army (IA)နှင့်KLG PDFအဖွဲ့များကို ချိတ်ဆက်၍ မေလ ၄ ရက်နေ့က စစ်ကောင်စီ ၏ တန်ယန်မြို့နယ် မိုင်းယက်ကျေးရွာရှိ ခြေလျင်တပ်ရင်း ခလရ- ၁၃၆ မှ တပ်ကြပ်ကြီးစာရေး ကိုဟိန်းမင်းထွန်းသည် ပြည်သူ့ရင်ခွင်သို့ခိုလှုံလာကြောင်း IA အဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီ တပ်သားများမှာ လူမှုကွန်ရက် သုံးစွဲမှုများနှင့်ပတ်သက်၍ ထိန်းချုပ်ခြင်းခံထားရပြီး DVB ၊ Mizzima ၊ BBCစသည့် မီဒီယာ များကို ကြည့်ရှုပါက လစာဖြတ်ခြင်း ၊ ယာယီအချုပ်ချခြင်းများ အထိ ပြစ်ဒဏ်ပေး ကန့်သတ်မှုများ ရှိနေကြောင်း တပ်ကြပ်ကြီး စာရေး တစ်ဦး ဖြစ်သည့် ကိုဟိန်းမင်းထွန်းက မဇ္ဈိမကို ပြောသည်။

”တပ်တွင်းမှာ တော့ လူမှုကွန်ရက် သုံးစွဲမှု နှင့်ပတ်သက်ပြီး ပြည်တွင်း မီဒီယာ များ ဖြစ်တဲ့ DVB တို့ Mizzima တို့ ကြည့်ရှုတာမျိုး နားထောင်တာမျိုး လုပ်ရင် လစာဖြတ်တယ် ၊ ပြီးတော့ အချုပ်ချတာ မျိုးအထိ ပြုလုပ်မှုတွေ ရှိတယ်ဗျ ၊ ပြီးတော့ သတင်းမီဒီယာနဲ့ ပတ်သက်ပြီး သတင်းသမားတွေကို ပစ်မှတ်ထား ဖမ်းဆီးဖို့ ဆိုတာတွေတော့ ကြားနေတာတွေ ရှိတယ်” ဟု ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသည့် တပ်ကြပ်ကြီး စာရေးဖြစ်သည့် ကိုဟိန်းမင်းထွန်းကပြောသည်။

ကိုဟိန်းမင်းထွန်း သည် ဧပြီလ ၂၈ ရက်ခန့်မှ ပြည်သူ့ကာကွယ်ရေး အဖွဲ့များ ဖြစ်သည့် IA နှင့် KLD အဖွဲ့များကို ကြိုတင်ချိတ်ဆက်၍ မေလ ၄ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေး အဖွဲ့များ ဆီသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s