ငရုတ်ကောင်းမြို့၌ စစ်ကောင်စီသတင်းပေးဟုဆိုသူ အသတ်ခံရ
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ငရုတ်ကောင်းမြို့၌ စစ်ကောင်စီသတင်းပေးဆိုသူကို မေလ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း Pathein Western Defence Force (PWDF) တပ်ဖွဲ့တာဝန်ခံက ပြောသည်။
“ဒလန်ဇော်မိုးက ပြည်သူတွေအဖမ်းခံရအောင် သတင်းပေးတာတွေ၊ PDF တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရ အောင် စစ်တပ်သတင်းပေးလုပ်နေတာတွေကြောင့် ရှင်းလင်းခဲ့တာပါ။ ကျွန်တော်တို့တပ်ဖွဲ့တွေအနေနဲ့ ရဲသတင်းပေးတွေ၊ စစ်ကောင်စီသတင်းပေး ဒလန်တွေကို လက်လှမ်းမှီသ လောက် အရင်ဆုံးရှင်းလင်းသွား မှာပါ ”ဟု ၎င်းက ပြောသည်။
ထို့အပြင် ပြည်သူလူထုဘက်မရပ်တည်သည့် အုပ်ချုပ်ရေးမှူးများကိုလည်း ဆက်လက်ရှင်းလင်းသွားမည် ဖြစ်ပြီး တိုက်ခိုက်ရေးအစီအစဥ်များရှိသည်ဟု PWDF တာဝန်ခံက ဆိုသည်။
ယခုပစ်ခတ်မှုကို ဧရာဝတီတိုင်းအတွင်း မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် Pathein Western Defence Force(PWDF)၊ Beach Defence Force(BDF)၊ West Coast Defence Force (WCDF)၊ Mountain Civil Defence Force (MCDF)၊ SinYine Guerrilla Force (SGF)တပ်ဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း PWDF တာဝန်ခံက ပြောသည်။ mizzima