နိုင်ငံ့ခေါင်းဆောင် ၂ ဦးအပေါ် စွဲဆိုထားတဲ့ ရွေးကောက်ပွဲအမှု ဆက်လက် စစ်ဆေး

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပေါ် စွဲဆိုထားတဲ့ ရွေးကောက်ပွဲအမှုနဲ့ပတ်သက်ပြီး မေလ ၆ ရက်နေ့က ဆက်လက်ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူထံက သိရပါတယ်။

ဒီနေ့ရုံးချိန်းမှာ တရားလိုပြသက်သေအဖြစ် မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်က ဒုတိယညွန်ကြားရေးမှုးတစ်ဦးဖြစ်တဲ့ ဦးစိုးထွဋ်ဦးကို စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင် စု အစိုးရအဖွဲ့ရုံး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးမင်းသူတို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ်မှာ မလျော်သြဇာလွှမ်းမိုးခဲ့တဲ့ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀-က နဲ့ စွဲဆိုထားတဲ့ အမှုဖြစ်ပါတယ်။

ဒီအမှုမှာ လိုပြသက်သေ အယောက်  ၂၀ ရှိပြီး လိုပြသက်သေတွေကို ဧပြီ ၁၈ ရက်နေ့အပြီးစစ်ဖို့ CMP နဲ့ဆုံးဖြတ်ထား တာဖြစ်ပါတယ်။

ဧပြီ ၂၅ ရက်နေ့မှာ စွဲချက် လျှောက်လဲချက် တင်ပြီး မေလ ၂ ရက်မှာ စွဲချက်အမိန့်ချဖို့ တရားရုံးက ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ စွဲချက်တင်ရင် စွပ်စွဲခံရသူတွေဘက်က CMP ထပ်လုပ်မှာဖြစ်ပါ တယ်။

၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲမှာ  အန်အယ်လ်ဒီပါတီက စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီကို အပြတ်အသတ်အနိုင်ရပြီးနောက်မှာ စစ်တပ်က နိုင်ငံတော်အာဏာကို တရားမဝင် သိမ်းယူခဲ့တာဖြစ်ပြီး နိုင်ငံခေါင်းဆောင်တွေကိုလည်း  မဲမသမာမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီး တရားစွဲခဲ့တာ ဖြစ်ပါတယ်။  DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s