ပခုက္ကူမြို့က TU ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ၏ နေအိမ်ကို စစ်ကောင်စီ ချိပ်ပိတ်

PDF နဲ့ ပတ်သက်ဆက်နွှယ်တယ်ဆိုပြီး မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ် ၁ ရပ်ကွက်က TU ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုဝေယံတာရာရဲ့ နေ အိမ်ကို မေ ၅ ရက်နေ့ နေ့လယ် ၂ နာရီလောက်မှာ စစ်ကောင်စီတပ်တွေက လာရောက်ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လူတွေက ရှောင်နေကြတာ၊ အိမ်ကတော့ ချိပ်ပိတ်ခံလိုက်ရတယ်၊ ရှေ့မှာလည်း အဲလို ချိပ်ပိတ်ခံရတာတွေရှိတယ်။ PDF တွေနဲ့ ပတ်သက်တယ်လို့ သူတို့ သတင်းရတဲ့သူတွေရဲ့ အိမ်တွေကို လိုက်ပိတ်တာ” လို့ ဒေသခံတဦးက ပြောပါတယ်။

NLD ပါတီအမတ်တွေ၊ ကျောင်းသားသမဂ္ဂထဲ ပါဝင်သူတွေရဲ့ နေအိမ်တွေကိုလည်း ချိပ်ပိတ်ခဲ့တာမျိုးရှိပြီး မေ ၅ ရက်နေ့က နေအိမ် ၃ အိမ် ချိပ်ပိတ်ခံခဲ့ရတယ်လို့ ​ဒေသခံတွေက ဆိုပါတယ်။

ကိုဝေယံတာရာကို တရားဥပဒေချိုးဖောက်မှုကြောင့် ပုဒ်မ ၅၀၅ က နဲ့ ဝရမ်းထုတ်ထားကြောင်း စစ်ကောင်စီပိုင်  MRTV က ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မလေ ၅ ရက်နေ့ ညပိုင်းမှာလည်း စစ်ကောင်စီတပ်က ပခုက္ကူမြို့ထဲက ရပ်ကွက်တွေမှာ ဧည့်စာရင်း လိုက်လံစစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s