ဖရူဆိုတိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၃ ဦးသေ၊ ကျည်ဆန်နှင့် စစ်ပစ္စည်းများ သိမ်းဆည်းရမိ

ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ  မေ ၄ ရက် မနက်က  တိုက်ပွဲဖြစ်ပြီး  စစ်ကောင်စီတပ်သား ၃ ယောက်ထက်မနည်းသေဆုံးခဲ့ကာ လက်နက်ကျည်ဆန်တချို့နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့  KNDF  ဒီနေ့ ထုတ်ပြန်ပါတယ်။

ဖရူဆိုမြို့နယ်ကနေ ဘောလခဲမြိုနယ် နန်းဖဲကျေးရွာဘက်သို့ ဦးတည်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ယာဉ်တန်းကို  ကရင်နီတပ်မ တော် (KA) နဲ့ KNDF တို့က မေလ ၄ ရက် မနက် ၄ နာရီလောက်မှာ မိုင်းခွဲတိုက်ခိုက်ခဲ့ရာက တိုက်ပွဲစတင်ခဲ့တာလို့  ဆိုပါတယ်။

မိုင်းပေါက်ကွဲခဲ့တဲ့ အချိန်ကစပြီး နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ရာမှာ မနက် ၁၀ နာရီကျော်အထိ ပြောက်ကျားတိုက်တိုက်ခိုက်တွေ ကြိုးကြားဖြစ်ပွားခဲ့တယ်လို့လည်း KNDFကနေ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ရဲ့ မော်တော်ယာဥ် ၂ စီး မီးလောင်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးတာ ရှိနိုင်တယ်လို့လည်း  KNDFက ထုတ်ပြန်ထားပါတယ်။

အဲဒီနောက် ဖရူဆိုမြို့နယ်၊ ထားလဲကျေးရွာဘက်သို့ ရိက္ခာနဲ့ လက်နက်ခဲယမ်းပို့တဲ့ စစ်ကောင်စီယာဥ်တန်းကိုလည်း ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက လောကျေခူရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် တနာရီလောက်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာသူတွေ ရှိတယ်လို့  KNDF သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ကရင်နီပူးပေါင်းတပ်ဘက်ကတော့  ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့လည်း KNDF ကပြောပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s