ဖလမ်း ဟားခါးလမ်းပိုင်းတွင် တိုက်ပွဲများဆက်လက်ပြင်းထန် စစ်ကောင်စီတပ်မှ ၁၇ ဉီး သေဆုံး

ချင်းပြည်နယ် ဖလမ်း-ဟားခါးလမ်းပိုင်းတွင် တိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိပြီး မေလ ၆ ရက် ယမန်နေ့က ဖြစ်ပွားခဲ့သောတိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၁၇ ဉီး သေဆုံးခဲ့ကြောင်း သိရသည်။
“အခုတိုက်ပွဲကတော့ မိုင်းနဲ့ဒရုန်းကို အသုံးပြုတိုက်ခိုက်ခဲ့တာပါ။ အဲဒီစစ်ကြောင်းကတော့ ရှေ့ကိုဆက် သွားနေတယ်လို့ သိရတယ်” ဟု ချင်းအမျိုးသားတပ်မတော် CNA ပြောခွင့်ရသူ ဆလိုင်းထက်နီ က မဇ္စျိမ ကိုပြောသည်။
ယမန်နေ့က ဖလမ်းမြို့နယ် တားရ် Taar ကျေးရွာအနီးတွင် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ရာ ခြောက်ဦးသေ ဆုံးပြီး ထပ်မံ၍ ဒေသာမိုင် ဆွဲခဲ့ရာ ၁၁ ဉီးသေဆုံးသွားကြောင်း ဆိုသည်။
မေလ ၂ ရက်နေ့တွင် ဟားခါးမှထွက်ခွာလာသော တင့်ကားနှစ်စီး၊ စစ်ကောင်စီယာဉ် ၂၇ စီးနှင့်အင်အား ၁၅၀ ခန့်ပါ စစ်ကောင်စီယာဉ်တန်းအား မေလ ၃ ရက်နေ့မှစတင်၍ ချင်းပူးပေါင်းကာကွယ်ရေးတပ်များမှ ကြားဖြတ်တိုက်ခိုက်နေခြင်းဖြစ်သည်။
စစ်ကောင်စီတပ်များသည် ဟားခါး-ဖလမ်းလမ်းပေါ်ရှိ ရမ်ထလိုကျေးရွာမှ လူနေအိမ် ၁၀ လုံးကို မီးရှို့ဖျက် ဆီးခဲ့ပြီး နေအိမ်အချို့မှပစ္စည်းများ အားလည်း ဖောက်ထွင်းယူဆောင်သွားခဲ့ကာ တလန်ဇာကျေးရွာမှ လူ နေအိမ် ၁၆ လုံး ထပ်မံမီးရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အမျိုးသမီးများအပါအဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များဟု စွပ်စွဲအဖမ်းဆီးခံထားသူ အကျဉ်းသား ၁၅ ဦးခန့်ခေါ်ဆောင်လာသောယင်းစစ်ကြောင်းအား ချင်းကာကွယ်ရေးတပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်လျက် ရှိပြီး မေလ ၅ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင်း ချင်းပူးပေါင်းတပ်ဖွဲ့များဘက်မှ ရှစ်ဉီးသေဆုံးခဲ့ကြောင်း သိရသည်။
မဇ္ဈိမက နောက်ဆုံးရရှိထားသည့်သတင်းများအရ ယမန်နေ့ညက လုံပီးရပ်ကွက် (ယခင်ရဲလ်သီးရွာ)တွင် ညအိပ်ရပ်နားခဲ့ပြီး မေလ ၇ ရက် ယ နေ့ မွန်းလွဲ ၂ နာရီတွင် ဖလမ်းမြို့တပ်ကုန်းသို့ ဝင်ရောက်သွားပြီဖြစ် ကြောင်း သိရသည်။ mizzima