ဘုတ်ပြင်း လေညာ-ရတနာပုံတိုက်ပွဲ စစ်ကောင်စီတပ်ကြပ်ကြီးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ရတနာပုံကျေးရွာရှိ လေညာ-ရတနာပုံ လမ်းပိုင်းတွင် မေလ ၅ ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် စစ်ကောင်စီတပ် နှင့် ကော့သောင်းခရိုင် ပြည်သူ့ ကာကွယ်ရေး တပ်မတော် (KDDF) ၊ Flying Stars (ပကဖ) ပူးပေါင်း အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီ ဘက်က တပ်ကြပ်ကြီး အဆင့်ရှိ တစ်ဦး သေဆုံးကာ ဒုတပ်ကြပ် တစ်ဦးနှင့် တပ်သား တစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ကော့သောင်းခရိုင် ပြည်သူ့ ကာကွယ်ရေး တပ်မတော် KDDF T4zone ၏ ထုတ်ပြန်ချက် အရ သိရ သည်။

တိုက်ပွဲတွင် ကော့သောင်းခရိုင် ပြည်သူ့ ကာကွယ်ရေး တပ်မတော် KDDF T4zone ပူးပေါင်း အဖွဲ့မှ ထိခိုက်မှု မရှိဘဲ ညနေ ၅ နာရီခွဲ အချိန်တွင် အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

တနင်္သာရီတိုင်းတွင် မူလက ခရိုင် သုံး ခု သာရှိရာမှ ဘုတ်ပြင်းမြို့ကိုပါ ခရိုင် အဖြစ် ထပ်တိုး ဖွဲ့စည်းခဲ့ကြောင်း အာဏာသိမ်း စစ်ကောင်စီ၏ ပြည်ထဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s