မင်းကင်းမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအတွက် ကာကွယ်ရေးတပ်ဖွဲ့က ယာယီအ ဆောက်အဦးများ ဆောက်လုပ်ပေး

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်များမီးလောင်ကာ စစ်ဘေးရှောင်နေရသည့် မင်းကင်း မြို့နယ်ရှိ ပြည်သူများအတွက် Myanmar Defence Force (MDF) မှ ယာယီအဆောက်အဦးများ ဆောက် လုပ်ပေးခဲ့သည်။
စစ်ကောင်စီ၏ ခလရ (၈၇) တပ်နှင့် ပျူစောထီးများက ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် မင်းကင်းမြို့နယ် သံပေါက်ကျေးရွာကို အင်အား (၁၅၀) ခန့်ဖြင့် မီးရှို့ဖျက်ဆီးခဲ့ပြီး ဧပြီလ ၂၆ ရက်နေ့တွင်လည်း ဇင်ကလဲ့ ကျေးရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာနှစ်ရွာရှိ အိမ်ခြေပေါင်းများစွာ မီးလောင်ပျက်စီးခဲ့သည်။
မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာနှစ်ရွာမှ ဒေသခံထောင်ချီ စစ်ဘေးတိမ်းရှောင်နေရကာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရ သည့် ပြည်သူများအတွက် MDF က ထောက်ပံ့ကူညီလှူဒါန်းခဲ့ခြင်း ဖြစ်သည်။
“အဝတ်အထည်၊ ဆန်၊ ဆီ၊ ဆား ကြက်သွန်တွေ လှူထားတယ်။ ထပ်ပြီး ဝယ်ယူထားတာက အိုးခွက်တွေနဲ့ မိုးကာတွေပါလှူတာ နှစ်ကြိမ်မြောက် ရှိပါပြီ။ စစ်ဘေးရှောင်တွေနေထိုင်ဖို့ ယာယီအဆောက်အဦးတွေ လည်း ဆောက်လုပ်ပေးခဲ့ပါတယ်။ စားနပ်ရိက္ခာတွေတော့ မလောက်ငသေးဘူးပေါ့။ အခုက ပန်းဆက် တောင်ဖြူက ပျူစောထီးတွေကြောင့် အနီးအနားရွာတွေက လွတ်ရာရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေ လည်းရှိနေတယ် ” ဟု Myanmar Defence Force (MDF) တာဝန်ရှိသူက ပြောသည်။
စေတနာရှင်ပြည်သူလူထုက ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများဖြင့် ဆန်နှင့် ရိက္ခာအခြောက်အခြမ်း များ၊ အိုးခွက် အဝတ်အထည်များနှင့် မိုးကာများကို ဝယ်ယူပြီး ပြည်သူများကိုယ်စား ကာကွယ်ရေးတပ်ဖွဲ့ ကလှူဒါန်းခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်းအတွင်း အင်တာနက်ဖြတ်တောက်ထားကာ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း များကို ပျူစောထီးများနှင့် ပူးပေါင်းကာ လုပ်ဆောင်လျက်ရှိသည်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်ကို ပြန်လည်ခုခံတိုက်ခိုက်မှုကြောင့် ထိတွေ့တိုက်ပွဲ များ မကြာခဏဖြစ်ပွားလျက်ရှိပြီး ကာကွယ်ရေးတပ်ဖွဲ့အားကောင်းသည့်နေရာများတွင် စစ်ကောင်စီ ထုတ်ကုန်များ သယ်ယူခြင်း ရှိ၊ မရှိ အပါအဝင် နယ်မြေစိုးမိုးရေးနှင့် နယ် မြေရှင်းလင်းရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ကာ လုပ်ဆောင်လျက်ရှိသည်။ mizzima