မတူပီမှ ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းကို CDF မင်းတပ်က ၂ ရက်ဆက်တိုက် မိုင်းခွဲတိုက်ခိုက်၊ စစ်သား သေဆုံးမှု များနိုင်

ချင်းပြည်နယ်၊ မတူပီမှ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို CDF မင်းတပ်က ယမန်နေ့ မေလ ၆ ရက် ညနေပိုင်းနှင့် ယ နေ့နံနက်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ အသေအဆုံးများနိုင်သော်လည်း အရေအတွက်ကို မသိရှိနိုင်သေးဟု CDF မင်းတပ် ပြောခွင့်ရှိသူထံမှ သိရှိရသည်။

“ဒီနေ့တိုက်ပွဲက ကျနော်တို့ ၈ နာရီခွဲလောက်ကနေ ၉ နာရီလောက်ထိ မိုင်းတွေ တောက်လျှောက်ဆွဲတယ်၊ ထိခိုက်ကျဆုံး များပြားမယ်လို့ ခန့် မှန်းတယ် အတိအကျ ပြောလို့မရသေးဘူး ခင်ဗျ။ rမိုင်းကတော့ ၂၂ လုံးလောက်ကွဲတယ်၊ အကြီးကြီးတွေ ကွဲတာပဲ။ ဒါပေမယ့် စစ်သား ထိခိုက်သေဆုံးမှု အရေအတွက် ကိုတော့ မသေချာဘဲနဲ့ မပြောချင်ဘူးဗျ။ စစ်ကောင်စီတပ်က မိုင် ၄၀ က ရွာကို မီးရှို့တယ်၊ အိမ်ဘယ်နှစ်လုံးလောက် လောင်သွားတယ်ဆိုတာလည်း မသိနိုင်သေးဘူး၊ စစ်ယာဉ်တန်း အနောက်ပွိုင့်တွေက ရှိနေသေးတယ်လေ။ အခု စစ်ယာဉ်တန်းက မိုင် ၄၀ က နေ ဆက်ထွက်လာပါပြီ” ဟု CDF မင်းတပ် ပြောခွင့်ရှိသူ ဆလိုင်းဟာအွမ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ယမန်နေ့ မေလ ၆ ရက် ညနေ ၃ နာရီခွဲခန့်တွင်လည်း မင်းတပ်-မတူပီ ကားလမ်း မိုင်တိုင် ၃၇ နှင့် ၄၀ ကြားတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အ ဆိုပါ တိုက်ခိုက်မှုတွင်လည်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း ဆလိုင်းဟာအွမ်က ဆက်ပြောသည်။

မတူပီမြို့နယ်မှ ထွက်ခွာလာသော အဆိုပါ စစ်ယာဉ်တန်းကို CDF မတူပီကလည်း မတူပီမြို့နယ် ဧရိယာအတွင်း အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း CDF မတူပီက သတင်းထုတ်ပြန်ထားသည်။

သံချပ်ကာအမြှောက်ကား ၂ စီး အပါအဝင်၊ စစ်ကား အစီး ၇၀၊ စစ်သား အင်အား ၃၀၀ ခန့်ဖြင့် မတူပီမြို့မှ မင်းတပ်ဘက်သို့ ဧပြီလ ၂၇ ရက်နေ့တွင် ပြန်လည်ထွက်ခွာလာသော ယာဉ်တန်းဖြစ်ပြီး ယနေ့ မေလ ၇ ရက်တွင် မင်းတပ်မြို့နှင့် မိုင် ၄၀ ဝန်းကျင်အကွာသို့ ရောက်ရှိလာခြင်းဖြစ်သည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s