မုဒုံမြို့နယ် မြို့မ ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး မိုင်းဖေါက်ခွဲ ဖျက်ဆီးခံရ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ မြို့မ ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို မေလ ၆ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့် အချိန်တွင် အဝေးထိန်းမိုင်း နှစ်လုံးဖြင့် ဖေါက်ခွဲဖျက်ဆီးလိုက်ကြောင်း မွန်ပြည်နယ် အခြေပြု တော်လှန်ရေး အဖွဲ့အစည်း Mon State Revolutionary Organization(MSRO)ထံမှ သိရသည်။
မွန်ပြည်နယ် အခြေပြု တော်လှန်ရေး အဖွဲ့အစည်း MSRO မှ တာဝန်ရှိသူ တစ်ဦးက”ရုံးထဲမှာ စာရေးမ တစ်ယောက် ထိတယ်လို့ သိရတယ်၊ လူနာတင်ကားနဲ့ တင်သွားတာ တွေ့ရတယ် အဆောက် အအုံ ကတော့ တော်တော် ထိသွားတယ်”ဟု ပြော သည်။
အဆိုပါ ဖောက်ခွဲမှုပြုလုပ်သည့် စစ်ဆင်ရေးသည် MSRO အဖွဲ့မှ မုဒုံမြို့နယ်၌ ပထမဦးဆုံး အကြိမ် ဖောက်ခွဲမှု ပြုလုပ်ခြင်းဖြစ်ကြောင်း တာ ဝန် ရှိသူက ပြောသည်။
မွန်ပြည်နယ် အခြေပြု တော်လှန်ရေး အဖွဲ့အစည်း MSRO အနေဖြင့် နောက်နောင်တွင်လည်း စစ်ကောင်စီလက်အောက်ခံ ဌာန၊ ရုံးများနှင့် စစ်ကောင်စီ တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ အပြင် ဒလန်များကိုပါ ဆက်လက် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ပြောဆိုထားသည်။ mizzima