ရေစကြို၊ ရေလယ်ကျွန်းဒေသတွင် စစ်ကောင် စီကင်းထောက်အဖွဲ့နှင့် ကာကွယ်ရေးမဟာ မိတ် တပ်ဖွဲ့များကြား ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံး ၂ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသတွင် ကင်းထောက်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များကြား ယမန်နေ့ မေလ ၆ ရက် နံနက် ၈ နာရီခန့်တွင် ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာပြင်းထန်ကြောင်း သတင်းရရှိသည်။

ရေစကြိုမြို့နယ်၊ ပေါက်တောကြီး ဆိပ်ကမ်းမှ အရှေ့ဘက်မြစ်ကမ်း ရေလယ်ကျွန်းဒေသသို့ ကင်းထောက်လာသော စစ်ကောင်၉စီတပ်ဖွဲ့ကို ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုနှင့် Phoenix အထူးပြောက်ကျားတပ်ဖွဲ့တို့က ပစ်ခတ်တိုက်ရာ လက်လုပ် ၄၀ မမ ဖြင့် ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးကာ ၂ ဦးမှာ ဒဏ်ရာပြင်းထန်ပြီး ဆေးကုသနေရကြောင်း ရေလယ်ကျွန်းပြည်သူ့ကာကွယ် ရေးတပ်ပေါင်းစုက သတင်းထုတ်ပြန်သည်။

ဒေသကာကွယ်ရေး မဟာမိတ်ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း ရေလယ်ကျွန်း တပ်ပေါင်းစုက ဆိုသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s