ဝင်မနားရဲစခန်းအားရှင်းလင်းသည့်ဓာတ်ပုံများကို အသုံးပြုပြီး PDF တပ်ဖွဲ့က ပစ္စည်းများခိုးယူနေသည်ဟု သတင်းမှားဖြန့်နေ

လူမရှိတော့သည့်နေအိမ်များမှပစ္စည်းများကို ဒေသကာကွယ်ရေးတပ်ဖွဲ့(PDF) ကခိုးယူသည်ဆိုသည့် သတင်းအမှားတစ်ခု လူမှုကွန်ရက်အသုံးပြုသူများကြား ပျံ့နှံ့လျက်ရှိနေသည်။ ထိုရေးသားမှုမှာ သတင်း အမှားသာ ဖြစ်သည်။

အဆိုပါသတင်းကို မေလ ၆ ရက်နေ့မှစတင်၍ Facebook စာမျက်နှာတွင် “လူမရှိတော့တဲ့အိမ်တွေက ပစ္စည်းတွေကို ပဒက်လေးတွေခိုးယူနေတဲ့ပုံတွေပါ… ပြီးရင်စစ်တပ်ကခိုးယူသွားတာပါလို့ မီဒီညာတွေနဲ့ ပေါင်းပြီး ကမ္ဘာကိုအရင်ချပြတာ…အလိမ်အညာတွေက ကမ္ဘာကိုပတ်နေချိန် အမှန်တရားကိုဖော်ပြတဲ့ MRTV apk က ဖြုတ်ချခံလိုက်ရပြီ….” ဟု ရေးသားထားပြီး နေမင်းသူရိန်ဆိုသည့် Facebook Account မှ စတင်ဖြန့်ဝေခဲ့သည်။

ထို post ကို ပြန်လည်မျှ‌ဝေသူ 1000‌ ကျော်ရှိခဲ့သည်။

အလားတူ စစ်ကောင်စီဝါဒဖြန့် telegram channel တစ်ခုဖြစ်သည့် Kyaw Swar ဆိုသည့် channel တွင် လည်း ဖော်ပြထားပြီး post ကို မြင်တွေ့သူ 16000 ‌ကျော် ရှိသည်။

အဆိုပါ ဝါဒဖြန့်သည့်ပုံများမှာ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ဝင်မနားနယ်မြေရဲစခန်းမှပုံများသာ ဖြစ် ကြောင်း မဇ္ဈိမအနေဖြင့် စိစစ်တွေ့ရှိရသည်။

စစ်ကောင်စီတပ်နှင့်ရဲများ စွန့်ခွာထွက်ပြေးသွားသည့် ဝင်မနားနယ်မြေရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့ ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ Myanmar Defence Force က မေလ ၆ ရက်နေ့ မနက်ပိုင်းက သတင်းထုတ်ပြန်ထားသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ နှစ်ကြိမ်တိုင်တိုင် ဝင်ရောက်တိုက်ခိုက်ခြင်းခံခဲ့ရသည့် ဝင်မနားနယ်မြေ ရဲစခန်းနှင့် ဝန်ထမ်းလိုင်းခန်းများကို ပြီးခဲ့သည့် မေလ ၄ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ရဲများက မီးရှို့ကာစွန့်ခွာထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်းလည်း ရေးသားထားသည်။

ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီတပ်ထောင်ထားခဲ့သည့် မိုင်းများကို ရှင်းလင်းခဲ့ပြီးနောက် စခန်းတွင် ကျန်ရှိခဲ့သည့်ပစ္စည်းများကို ပြည် သူပိုင်အဖြစ်ပြန်လည်သိမ်းဆည်းခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မေလ ၆ ရက်နေ့က “ စစ်ကောင်စီတပ်နှင့်ရဲများ စွန့်ခွာထွက်ပြေးသွား သည့် ဝင်မနားနယ်မြေရဲစခန်းကို ကာ ကွယ်ရေးတပ်ဖွဲ့ဝင်ရောက်ရှင်းလင်း”ဆိုသည့် သတင်းခေါင်းစဉ်ဖြင့် မဇ္ဈိမကရေးသားခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် လူမရှိသည့်အိမ်တွေမှ ပစ္စည်းတွေကို PDF တွေကခိုးယူသည်ဟု ပျံ့နှံ့နေသည့်အကြောင်းအရာ မှာ သတင်းအမှားသာဖြစ်ပြီး ဖြစ် စဉ် အမှန်မှပုံများသုံး၍ ဒေသကာကွယ်ရေးအဖွဲ့နှင့် ပြည်သူများအကြား ‌အမြင်လွဲမှားစေရန် ဖြန့်ဝေခဲ့ခြင်းသာဖြစ်သည်။

မဇ္ဈိမ၏ သတင်းဖတ်ရှုသည့် ပရိသတ်များအနေဖြင့် သတင်းတုဟု သံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်းပါးများကို သတင်းမှားများကို ယခုလင့်သို့ – https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက်ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s