KNLA တပ်မဟာ ၅ စစ်ဗျူဟာမှူးသစ် ခန့်အပ်တာဝန်ပေး

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)လက်အောက်ခံ KNLA တပ်မဟာ ၅ မှာ လစ်လပ်နေတဲ့ စစ်ဗျူဟာမှူး တာဝန်ကို ဗိုလ်မှူးကြီး စောမော်ဒဲကို တာဝန်ပေးခန့်အပ်လိုက်တယ်လို့ မေ ၇ ရက်က ကေအန်ယူသတင်းရင်းမြစ်ထံကနေ သိရပါတယ်။

ဧပြီ ၂၈ ရက် မနက်ပိုင်းက စစ်ကောင်စီရဲ့ကျောက်ညှပ်တပ်စခန်းသိမ်းတိုက်ပွဲမှာ KNLA တပ်မဟာ  ၅ ရဲ့ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစောထူးကရှော ကျဆုံးခဲ့တဲ့အတွက် လစ်လပ်နေတဲ့ စစ်ဗျူဟာမှူးတာဝန်ကို အစားထိုးခန့်အပ်လိုက်တာပါ။

ကေအန်ယူတာဝန်ရှိသူတစ်ဦးက “တပ်မဟာ ၅ စစ်ဗျူဟာမှူးတာဝန်ကို ဗိုလ်မှူးကြီး စောမော်ဒဲကို တာဝန်ပေးခန့်အပ်လိုက်တယ်။ စစ်ဗျူဟာမှူးက တပ်မဟာ တစ်ခုလုံးအတွက် အရေးပါတဲ့တာဝန်ကို ထမ်းဆောင်ရတာဖြစ်လို့ တပ်မဟာတစ်ခုလုံးအတွက် တာဝန်ထမ်းဆောင်ရမယ့် ဗိုလ် မှူးကြီး စောမော်ဒဲကို တာဝန်ပေးလိုက်တာ”လို့   ပြောပါတယ်။

ဗိုလ်မှူးကြီး စောမော်ဒဲ (ခေါ် )စောဂေနွီးဟာ ဖာပွန်ခရိုင်၊ တပ်မဟာ ၅ နယ်မြေ ၊လူသောမြို့နယ် ၊လဲခီးကျေးရွာဇာတိဖြစ်ပြီး KNLA ဒုတိယစစ်ဦးစီးချုပ်၊  ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ ယုံကြည်အားထားရသူဖြစ်ပြီး၊ KNLA တပ်မဟာ ၅၊ ကာကွယ်ရေးတပ်ရင်းမှူးတာဝန်ယူခဲ့တဲ့အပြင် ထောက်လှမ်းရေးတာဝန်ထမ်းဆောင်ခဲ့ဖူးသလို စစ်သားပီသပြီး တိုက်ခိုက်ရေးမှာလည်း ကျွမ်းကျင်တယ်လို့ ဆိုပါတယ်။

KNLA၊ တပ်မဟာ ၅ နယ်မြေမှာ ဧပြီ ၁ လတာအတွင်းစစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်တွေနဲ့ KNLA တပ်ဖွဲ့တို့ တိုက်ပွဲပေါင်း ၃၈၃ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူး ၁ ဦး၊ ဒု-တပ်ရင်းမှူး ၁ ဦးအပါအဝင် ၁၇၃ ဦးသေဆုံးပြီး ၈၇ ဦးဒဏ်ရာရရှိခဲ့သလို စစ်ထောက်ပို့မြင်းလား ၄ ကောင်ကို သုတ်သင်သတ်ဖြတ်နိုင်ခဲ့တဘ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်စခန်းတွေအတွက် လူ၊ ခဲယမ်းနဲ့ စာရိက္ခာ ထောက်ပို့ရေးမှာ အသုံးပြုနေတဲ့တံတား ၃ စင်း၊ မော်တော်ယဉ် ၄ စီးနဲ့ လက် နက်သိုလှောင်ရုံ(ဂိုဒေါင်) ၂ လုံးကိုဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ပွဲတွေအတွင်း KNLA တပ်ဖွဲ့ဝင် ၃ ဦး အသက်ပေးခဲ့ရပြီး ၁၆ ဦးဒဏ်ရာရရှိခဲ့တဲ့အပြင် စစ်ကောင်စီက လေကြောင်းကနေ ဗုံး ၇ လုံးလာရောက်ကြဲချခဲ့သလို အမြောက်လက်နက်ကြီး တွေနဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ ကျေးရွာတွေ၊ လယ်ယာ၊ ဥယာဉ်ခြံမြေအတွင်းကို တမင်ရည်ရွယ်ပစ်ခတ်ခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့ နယ်မြေကျော် စစ်ရေးလှုပ်ရှားမှုတွေကြောင့်  အရပ်သားပြည်သူ ၁  သိန်းကျော်ဟာ နေအိမ်စွန်ခွာပြီး တော၊ တောင်၊ လျှိုမြောင်တွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရသူတွေထဲမှာ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေအများဆုံးပါဝင်ပြီး မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးနေရတာတွေကြောင့် ငှက်ဖျားနဲ့ ဝမ်းပျက်ဝမ်းလျော ရောဂါတွေခံစားနေကြရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s