ကနီမြို့နယ် အလယ်ကျွန်းကျေးရွာ အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ၍ ၄ ဦးသေ ဆုံး

စစ်ကိုင်းတိုင်း ၊ကနီမြို့တောင်ဘက် နှစ်မိုင်ခန့် အကွာရှိ အလယ်ကျွန်းကျေးရွာ အနီးတွင် စစ်ကောင်စီ တပ်သားများနှင့် ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KLG PDF) တို့ မေလ ၈ ရက် နံနက် ၈ နာရီ အချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွါးခဲ့သည်ဟု သိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိကြောင်း KLG PDF မှ ရဲ ဘော်တစ်ဦးက ပြောသည်။

”အလယ်ကျွန်းကျေးရွာကို ကနီက စစ်သားတွေက ရိက္ခာသွားပြီး ပို့ကြတာဗျ ၊ သတင်းရလို့ ကျနော်တို့ စောင့်နေခဲ့တယ် ၊ စစ်ကောင်စီ တပ် သား ၃၀ လောက်တော့ ရှိမယ်ဗျ ၊ စနိုက်ပါ နဲ့ ပစ်လိုက်တာက စစ်သား သုံးဦးနဲ့ ရှော့ဂန်း ထိတဲ့ စစ်သား တစ်ဦး ပေါင်းလေးဦးရဲ့ အလောင်းတွေကိုတော့ ပြန်မကောက်ကြဘူး ပစ်ထားခဲ့ကြတယ်” ဟု KLG PDF ရဲဘော် တစ်ဦးက ဆိုသည်။

အလယ်ကျွန်းကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူဒလန်ဆိုသူများ ကြောင့် အလယ်ကျွန်းကျေးရွာမှ စစ်ရှောင်နေရသည့် ပြည်သူများမှာ များစွာ အခက်အခဲ ရှိနေကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s