ချမ်းမြသာစည်နှင့် မဟာအောင်မြေမြို့နယ်တို့တွင် ဗုံးပေါက်ကွဲ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီလမ်း (လမ်း ၁၁၀) ၄၈ လမ်း နဲ့ ၄၉ လမ်းကြားရှိ ကောင်းကောင်း ဘီယာဆိုင်ရှေ့မှာ မေ ၇ ရက် ည ၈ နာရီလောက် လက်လုပ် မိုင်းတလုံး ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် ဘီယာဆိုင်ဝန်ထမ်းတဦး မိုင်းစထိမှန်ပြီး မစိုးရိမ်ရတဲ့ ဒဏ်ရာရှိတဲ့အပြင် ဆိုင်ကယ်တစီး မိုင်းစထိမှန်ခဲ့တယ်လို့ သိရပါတယ်။

“အဲ့ဒီဆိုင်မှာ စစ်ကောင်စီတပ်က လူတွေနဲ့ သတင်းပေးတွေထိုင်ကြတယ်။ အဲ့ဒါကို သတိပေးတဲ့အနေနဲ့ လုပ်တာထင်တယ်။ ဗုံးကွဲပြီးတော့ အဲ့နားမှာ စစ်ဆေးတာတွေတော့လုပ်တယ်” လို့ အနီးပတ်ဝန်းကျင်ရှိ ပြည်သူတဦးက ပြောပါတယ်။

ဒါ့အပြင် မေလ ၈ ရက် မနက် ၇ နာရီကလည်း မဟာအောင်မြေမြို့နယ် သံလျှက်မှော်အနောက်ရပ်ကွက်ရုံးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပြီး အဆောက် အဦ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s