ချောင်းဦးမြို့နယ်တွင် မူးယစ်ဆေး ရောင်းဝယ် သုံးစွဲသူများကို ကာကွယ်ရေးတပ်ဖွဲ့ ပြစ်ဒဏ်ပေး

စစ်ကိုင်းတိုင်း၊ ချောင်းဉီးမြို့နယ်တွင် မူးယစ်ဆေး ရောင်းဝယ်သူနှင့် သုံးစွဲသူများအား ကာကွယ်ရေးတပ်ဖွဲ့များက ပြစ်ဒဏ် ပေးခဲ့ကြောင်း သိရသည်။

မေလ ၇ ရက်နေ့က မူးယစ်ဆေးဝါးများ လက်ဝယ်ဖမ်းမိသူများနှင့် သုံးစွဲသူများအား ထိုင်ထ အကြိမ် ၅၀၀ နှင့် ကြိမ်ဒဏ် အချက် ၅၀ အပြစ် ပေးခဲ့ကြောင်း ၊ ဖမ်းမိ မူးယစ် ဆေးများအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသ ကာကွယ်ရေးတပ် တာဝန်ရှိသူက ဆိုသည်။

“ချောင်းဦးမြို့နယ် ထဲမှာ ရောင်းဝယ် သုံးစွဲတာတွေများပါတယ် ။ ကျွန်တော်တို့ ကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်းပြီး အတတ်နိုင်ဆုံး ရှင်းလင်းသွားမှာ ဖြစ်တယ်” ဟု ဒေသကာကွယ်ရေးတပ် ဗန္ဓုလနှင့် အဖွဲ့သားများ တာဝန်ရှိသူက ပြောသည်။

မည်သူမဆို မူးယစ်ဆေး ရောင်းဝယ် သုံးစွဲပါက ပြင်းထန်သည့် ပြစ်ဒဏ်များ ခံရမည် ဖြစ်ကြောင်း ၎င်းက သတိပေးသည်။

မူးယစ်ဆေး ဖမ်းဆီးမှုအား မုံရွာ ဗန္ဓုလနှင့် အဖွဲ့သားများ LDF ၊ Famers Revolution Force CHU ၊ Monywa Lighting PDF ၊ Chaung U Revolution Army ၊ Monywa Peregine PDF ၊ Black Wolf Defence force ၊ Chaung U Local Defence Force ၊ Black Eagle People’s Defence Force ၊ Monywa Brave Hearts MBH ၊ Dragon Brother’s PDF တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၄ ရက်နေ့က မုံရွာမြို့နယ် ကျောင်းစုကျေးရွာအတွင်း မွှေနှောက်ပြီး နေအိမ်တစ်လုံး မီးရှို့၍ ပြန်လာသော စစ်ကောင်စီတပ်အား ဗန္ဓုလနှင့် အဖွဲ့သားများ ပူးပေါင်းတပ်ဖွဲ့မှ ပဒေသာမိုင်းဖြင့် တိုက်ခိုက် ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးရေ၂၀ ကျော်သေဆုံးခဲ့ကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s