စစ်ကောင်စီက ကန့်ကွက်သော်လည်း NUG ၊ NUCC နှင့် ဆက်လက်တွေ့ဆုံဆွေးနွေးမည်ဟု မလေးရှားအစိုးရ အခိုင်အမာပြောဆို

“မလေးရှားအနေနဲ့ ဘက်ရွေးနေတာမဟုတ်ဘူး။ ဘက်ရွေးလို့လည်း မလေးရှားအတွက် ဘာအကျိုးစီးပွားမှ မရှိဘူး။ ကျနော်တို့လုပ်နေတာက အားလုံးနဲ့ထိတွေ့ဆက်ဆံညှိနှိုင်းရေးပဲ” ဟု နိုင်ငံခြားရေးဝန်ကြီးပြောဆို

ရန်ကုန်၊ မေ ၈

မလေးရှားအစိုးရအနေဖြင့် မြန်မာနိုင်ငံတွင်း နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုများကို ဖြေရှင်းရန်အတွက် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် အမျိုးသား ညီ ညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့ အပါအဝင် သက်ဆိုင်သူအားလုံးနှင့် ဆက်လက် ထိတွ့ဆက်ဆံဆောင်ရွက်သွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Saifuddin Abdullahက ပြောဆိုသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

NUG ၊ NUCC အပါအဝင် မြန်မာ့နိုင်ငံရေး သက်ဆိုင်သူ အားလုံးနှင့်ထိတွေ့ဆက်ဆံရေးမူသည် အာဆီယံဘုံသဘော တူညီချက် ၅ ရပ်နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“မလေးရှားအနေနဲ့ ဘက်ရွေးနေတာမဟုတ်ဘူး။ ဘက်ရွေးလို့လည်း မလေးရှားအတွက် ဘာ အကျိုးစီးပွားမှ မရှိဘူး။ ကျနော်တို့က အာဆီယံကို နေပြည် တော်နဲ့ မဆက်ဆံဖို့ ဟန့်တားနေတာမဟုတ်ပါဘူး။ ညှိနှိုင်းဆွေးနွေးမှုဆိုတာဟာ ပြဿနာ မဟုတ်ပါဘူး။ ကျနော်တို့လုပ်နေတာက အားလုံးနဲ့ထိတွေ့ဆက်ဆံညှိနှိုင်းရေးပဲ” ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Saifuddin Abdullah က ပြောဆိုသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် NUG ၊ NUCC တို့ အလွတ် သဘော တွေ့ဆုံဆွေးနွေးမှုများကို စစ်ကောင်စီဘက်က ပြင်းပြင်းထန်ထန် ကန့် ကွက်ထား သည်။

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်တွင် မေလ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ကျင်းပမည့် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးမတိုင်မီ မေလ ၁၁ ရက်နေ့ ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် NUG နှင့် NUCC တို့နှင့် အလွတ်သဘော ထိတွေ့ဆက်ဆံမှုများ ပြုလုပ်ရန် အာဆီယံကို မလေးရှားက ထပ်မံအဆိုပြုမည်ဟု Saifuddin က ပြောဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၏အခန်းကဏ္ဍကိုလည်း ဘုံသဘောတူညီချက် ၅ ချက်အကောင်အထည်ဖော်နိုင်ရေး ပို၍ ဩဇာကြီးမားလာစေရန်လည်း မလေးရှားက အဆိုပြုမည်ဟု ၎င်းက ထုတ်ဖော်ပြောဆိုသည်။

“အာဆီယံအထူးသံတမန်တွေက အစွမ်းကုန် ကြိုးစားကြတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ကန့်သတ်ချက်တွေနဲ့ အခြေအနေတွေ အများကြီးရှိလို့ ကျနော်တို့ နည်းလမ်းရှာရမယ်။ အထူးသံတမန်တွေရဲ့ တာဝန်တွေကို ထမ်းဆောင်ရာမှာ ပိုထိရောက်မယ့် နည်းလမ်းရှာကိုရှာရပါ့မယ်” ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s