စစ်တပ်က ဖျက်ဆီးသွားသော မင်းတပ်-မတူပီလမ်းပေါ်ရှိ ကျေးရွာများ အကူ အညီလိုအပ်နေ၊ စစ်ဘေးရှောင်ရင်း ပြည်သူ ၆ ဦးသေဆုံး

ချင်းပြည်နယ်၊ မင်းတပ်-မတူပီ လမ်းမကြီးပေါ်ရှိ အိုင်ဒါခ်ကျေးရွာများရှိ လူနေအိမ်များကို စစ်တပ်က မကြာခဏဆိုလို ဖျက်ဆီးခဲ့ပြီး ဧပြီလကုန်ပိုင်းတွင်လည်း တတိယအကြိမ် ဖျက်ဆီးခဲ့သဖြင့် စစ်ဘေးရှောင် ပြည်သူများ အကူအညီလိုအပ်လျက်ရှိကြောင်း ကျေးရွာသားများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ချင်းပြည်နယ် မင်းတပ်မြို့မှ မတူပီမြို့သို့ စစ်တပ်က ၃ ကြိမ် တက်လာခဲ့ပြီး တက်လာသည့်အကြိမ်တိုင်း မတူပီ-မင်းတပ် လမ်းမပေါ်ရှိ ကျေး ရွာများဖြစ်သော ခြန်းပြန်း ၊ဟာလ်တူး၊ ရမ်တိန်း၊ မွှန်တုန် စသည့် ကျေးရွာနေ ပြည်သူများ၏ ငွေကြေးဥစ္စာ၊ ကြက်၊ ဝက်၊ နွားနောက်များ ၊ ပရိ ဘောဂ ကိရိယာအသုံးအဆောင်များ မွှေနှောက်ခိုးယူကြောင်း၊ ထို့ပြင် ကျေးရွာနေပြည်သူများ အိုးအိမ်စွန့်ခွာပြောင်းရွှေ့စေရန် ရည်ရွယ်ချက်ဖြင့် လူနေအိမ်များ ဖျက်ဆီးသည့်လုပ်ရပ်ကို ရည်ရွယ်ချက်ရှိရှိ စစ်တပ်က ကျူးလွန်ကြောင်း ဒေသခံများက ပြောသည်။

စစ်တပ်က ကျေးရွာများကို ဖျက်ဆီးမီးရှို့များကြောင့် ပြည်သူများမှာ မိမိတို့၏ နေအိမ်များမနေနိုင်တော့ဘဲ ယမန်နှစ် အောက်တိုဘာလမှ စ တင်၍ တောနက် လျှိုမြောင်များသို့ ပင်ပန်းဆင်းရဲစွာပုန်းရှောင် နေထိုင်ကြရကြောင်း၊ ယခုအချိန်တွင် စစ်ဘေးရှောင်ကာလ ၈ လ ကျော် အ ချိန်ကြာမြင့်လာပြီ ဖြစ်​ပြီး အနေ အထိုင်အစားအသောက် ဆင်းရဲချို့တဲ့စွာ စစ်ရှောင်နေရကြောင်း၊ စစ်ဘေးရှောင်ရင်း အသက်ဆုံးရှုံးသူ ၆ ဦးအထိရှိလာပြီဖြစ်သောကြောင့်ကျန်းမာ​ရေးဆေးဝါး နှင့် စားနပ်ရိက္ခာ အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း စစ်ဘေးရှောင်ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s