စစ်သား ၂၀ ဦးသေဆုံးပြီး အရှင် ၆ ဦး ဖမ်းမိသော တပ်မ ၆၆ စစ်ကြောင်းထံမှ စက်သေ နတ်၊ RPG များအပါအဝင် လက်နက်ခဲယမ်းများ ကရင်နီပူးပေါင်းတပ်ဖွဲ့ ရရှိ၊ စစ်သုံ့ပန်းစစ်သားကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်း
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့က မေလ ၇ ရက်နေ့တွင် တိုက်ခိုက်၍ စစ်သား ၂၀ ဦးထက်မနည်းသေဆုံးပြီး စစ်ကား ၄ စီး ကို မီးရှို့ဖျက်ဆီးပြီးနောက် စက်သေနတ်၊ RPG များအပါအဝင် လက်နက်များရရှိကြောင်း၊ စစ် တပ်မှ စစ်သုံ့ပန်းစစ်သားကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ကရင်နီဒေသ သတင်းရင်းမြစ်က လူမှုကွန်ရက်တွင် ထုတ်ပြန်ထားသော ဗီဒီယိုတွင် စစ်ယာဉ်တန်းကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်တိုက် ခိုက်နေသည်ကို တွေ့ရှိရပြီး အရှင်ဖမ်းမိသည့် စစ်သားများ ရှိသလို စစ်ကား ၄ စီးကို ကရင်နီတပ်ဖွဲ့များက မီးရှို့ရှင်းလင်းလိုက်ပြီး သေဆုံး စစ်သားအလောင်းများကို တွေ့မြင်ခဲ့ရပြီးယနေ့ နံနက်ထုတ်ပြန်သော ဗီဒီယိုတွင်မူ လက်နက်များ၊ ဖမ်းဆီးရမိသော စစ်သားကို ကောင်းမွန်စွာ ထားရှိပုံများကို ရိုက်ကူးထုတ်ပြန်ထား ကြောင်း သိရှိရသည်။ khit thit