တနင်္သာရီမြို့နယ်ရှိ ထုံခါအကျဉ်းစခန်းကို PDF က ဝင်ရောက်စီးနင်းပြီး စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံး၊ PDF ၁ ဦးကျဆုံး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ အမှတ် ၄ ထုံခါအကျဉ်းစခန်းကို တနင်္သာ ရီတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်က ယနေ့ နံနက် ၅ နာရီအချိန် ဝင်ရောက် စီးနင်းပြီး စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးကြောင်း တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်TDF က သတင်းထုတ်ပြန်သည်။

တနင်္သာရီမြို့နယ်၊သိန်ခွန်းကျေးရွာအုပ်စုရှိ ဆင်ဖြူရှင်(၄) ထုံခါအကျဉ်းစခန်းကို ယနေ့နံနက်(၅)နာရီအချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်မ တော် (PDF)၏ မြိတ်ခရိုင် တပ်ရင်း(၂)၏ တပ်ခွဲတစ်ခုက ဝင်ရောက်စီးနင်းခဲ့ပြီး စခန်း ကို ဝင်ရောက်စီးနင်းခဲ့စဉ် မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ၃ ဦး ကျဆုံးကြောင်းအတည်ပြုနိုင်ပြီး ၃ ဦး ထိခိုက်ရာရရှိကြောင်း၊ ထိခိုက်ဒဏ် ရာရရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးမှာ သေဆုံးရန် အခြေအနေ ရှိနေကြောင်း သိရှိရသည်။

ထုံခါအကျဉ်းစခန်းကို ဝင်ရောက်စီးနင်းစဉ် ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းတပ်ဖွဲ့မှ ၁ ဦးကျဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း၊ ထုံခါအကျဉ်းစခန်းသည် ရေဖြူစစ်ဗျူဟာနှင့် သုံးမိုင်ခန့်ကွာဝေးသည့် အကျဉ်းစခန်းတစ်ခုဖြစ်ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s