ထားဝယ်မြို့နယ် သဗျာရွာ အုပ်ချုပ်ရေးမှူး နေအိမ် မီးရှို့ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အရှေ့ဘက်ရှိ သဗျာရွာ အုပ်ချုပ်ရေးမှူး နေအိမ် ယမန်နေ့ မေလ ၇ ရက် ညနေပိုင်းက မီးရှို့ခံခဲ့ရကြောင်း ဒေသခံများ ထံက သိရသည်။
ဦးစိုးနိုင်ထွန်း ဆိုသူ ပိုင်ဆိုင်သည့် နေအိမ် ယမန်နေ့ ညနေ ၅ နာရီခွဲခန့်က မီးရှို့ဖျက်ဆီး ခံရသည်ဟု ရွာခံ တစ်ဦးက ပြောသည်။
“အိမ်ကတော့ ပြာကျသွား ပြီးနောက် PDF တွေ ပြန်ဆုတ်ခွာ သွားတယ်။ ဇလွန်းရွာ ဘုန်းကြီးကျောင်းမှာလည်း စစ်တပ်က တပ်စွဲထား၍ လမ်းကင်း ထွက်စစ် နေပေမယ့် ဒီအနား လာမရဲကြဘူး” ဟု ဒေသခံက ပြောသည်။
ဦးစိုးနိုင်ထွန်း သည် စစ်ကောင်စီ ခန့်အပ်ထား သည့် အုပ်ချုပ်ရေးမှူး ဖြစ်ပြီး စစ်ကောင်စီ သတင်းပေး ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသော်လည်း မဇ္ဈိမ အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။
အဆိုပါ အုပ်ချုပ်ရေးမှူး နေအိမ်ကို မည်သည့် အဖွဲ့အစည်းက မီးရှို့ ဖျက်ဆီးခဲ့သည်ကို ထုတ်ပြန် ထားခြင်း မရှိသေးပေ။ mizzima