ပခုက္ကူမြို့တွင် ဆိုင်ကယ်စီးလာသည့် အမျိုး သား ၂ ဦး သေနတ်ဖြင့် ပစ်ခံရ

မကွေးတိုင်း ပခုက္ကူမြို့မှာ မေ ၈ ရက် မနက်ပိုင်းက ဆိုင်ကယ် ၂ ယောက်အတူစီးလာတဲ့ အမျိုးသား ၂ ယောက်ကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက သေနတ်နဲ့ လိုက်လံ ပစ်ခတ်တာကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးရုံတင်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပခုက္ကူမြို့ အမှတ် ၃ ရပ်ကွက် မြို့ပတ်လမ်းမှာ ဒီကနေ့ မနက် ၉ နာရီခွဲလောက်က ဆိုင်ကယ်အတူစီးလာတဲ့ လူငယ် ၂ ယောက်ကို  စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက သေနတ်နဲ့ လိုက်ပစ်လို့ ထိခိုက်ဒဏ်ရာရရှိကာ ပခုက္ကူပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ပခုက္ကူမြို့ အမှတ် ၃ ရပ်ကွက်က ဒေသခံတစ်ယောက်က ပြောပါတယ်။

“လူငယ်တွေစီးလာတဲ့ CZI ဆိုင်ကယ်ကို မက်တူးကားပေါ်ကနေ သေနတ်နဲ့ လိုက်ပစ်ကြတာ။ သီတာလမ်းပေါ်ရောက်တဲ့အချိန် သေနတ်ကျည် မှန်ပြီး ဆိုင်ကယ်ရော လူရော လဲကျသွားတယ်။ ပါလာတဲ့ ပစ္စည်းတွေလည်း လမ်းပေါ်မှာ ပြန်ကြဲကျကုန်တယ်။ အဲဒီနောက် စစ်ကောင်စီ တပ် သားတွေနဲ့ ပျူစောထီးတွေရောက်လာပြီး သေနတ်မှန်ထားတဲ့ လူငယ် ၂ ယောက်ကို စစ်ဖိနပ်နဲ့ ဆောင့်ကန်ပြီး ကားပေါ်တင်သွားကြတယ်။”

သေနတ်နဲ့ပစ်ခံရတဲ့ လူငယ် ၂ ယောက်ဟာ အမှတ် ၃ ရပ်ကွက်မှာ နေထိုင်တာဖြစ်ပြီး စစ်ကောင်စီခန့် အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပတ်ကင်းပတ်တဲ့အချိန်မှာ ဆိုင်ကယ် ၂ ယောက် အတူစီးလာတာတွေ့လို့ သေနတ်နဲ့ လိုက်ပစ်ခံရကာ ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။

ဆေးရုံပေါ်မှာလည်း စစ်ကောင်စီရဲ့ ရဲတွေ အစောင့်ချထားပြီး အဲဒီလူငယ် ၂ ယောက်ကို စစ်ကောင်စီက အမှုဖွင့်မယ်လို့ ခန့်မှန်းရပြီး မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မပေးသေးဘူးလို့ ဆိုပါတယ်။

“ဆိုင်ကယ်ဆိုတာ ၂ ယောက်မစီးဖို့ ထုတ်ထားတာဗျ။ဘယ်နိုင်ငံမှာမှ ဒီလို ဥပဒေမရှိဘူး။ သူတို့ အာဏာသိမ်းထားတဲ့ အချိန်မှာ သူတို့ လုပ်ချင်သလို လုပ်မယ်ဆိုတဲ့သဘောပဲ။ ပြည်သူတွေအနေနဲ့ လည်း အသွားအလာကို အစစအရာရာ ဂရုစိုက်ဖို့ လိုနေပြီ” လို့ ဒေသခံတဦးက ပြောပါတယ်။

အမျိုးသား ၂ ယောက် ဆိုင်ကယ်တစီးတည်းအတူ မစီးကြဖို့ စစ်ကောင်စီက ဒေသန္တရ အမိန့် ထုတ်ပြန်ကာ လိုက်လံ ကြေညာထားပြီး အမျိုး သား ၂ ယောက် ဆိုင်ကယ်အတူစီးလာရင် မကြာခဏ လိုက်လံပစ်ခတ် ဖမ်းဆီးနေတယ်လို့ သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s