မုံရွာမြို့အဝင်ဂိတ်ကို MPDF က လက်နက် ကြီးဖြင့် ပစ်ခတ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် မအူဂိတ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မေလ ၇ ရက်နေ့ညမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးသွားတယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ (MPDF) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီစစ်ကောင်စီဂိတ်ကို ၄၀ မမ ဗုံးပစ်လောင်ချာကျည် ၃ လုံးနဲ့ ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိရာ ထိမှန်ကျရောက်ခဲ့တာလို့ MPDF တာဝန်ရှိသူက ပြောပါတယ်။

“မနေ့ညက ကျ‌နော်တို့ ပစ်ခတ်ခဲ့ရာမှာ နောက်ဆုံး ၂ လုံးက သူတို့ ထိသွားတယ်။ သေတဲ့အထဲ အကောင်ကြီးကြီး အရာရှိ ၁ ယောက်အပါဝင် ၈ ယောက် အဲ့ဒီနားမှာပဲ သေတယ်။ နောက်ပြီး ၆ ယောက်လောက် ဒါဏ်ရာရသွားတယ်လို့ သိရပါတယ်။” 

စစ်ကောင်စီတပ်ဖွဲ့က ရမ်းသန်းပစ်ခတ်မှုတွေရှိခဲ့ပေမယ့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အထိခိုက်မရှိ အောင်မြင်စွာ ဆုပ်ခွာနိုင်ခဲ့ကြောင်း၊ အဆိုပါ ဂိတ် မနေ့ညက လက်နက်ကြီးနဲ့ အပစ်မခံရမီ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂၀ ကျော်ရှိနေပြီး ဖြတ်သန်းယာဉ်မှန်သမျှကို စစ်ဆေးနေတယ်လို့ သိရပါတယ်။

မေလ ၈ ရက်နေ့ ဒီနေ့မနက်မှာတော့ မုံရွာမြို့နယ်က လယ်ဇင်ကျေးရွာအပါအဝင် ကျေးရွာအချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်မွှေ နှောက်ကာ ပစ်ခတ်မှုတချို့လည်း ရှိနေတယ်လို့ သိရပါတယ်။

မုံရွာမြို့ မအူဂိတ်တိုက်ခိုက်မှုကို Special Force – 11၊ Monywa People Defence Force( MPDF) နဲ့ Monywa Satan အဖွဲ့တွေက ပူး ပေါင်း ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

မအူဂိတ်တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s