မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းတွင် ဒေသကာကွယ်ရေးတပ်များ စစ်ဆေးမှု ပြုလုပ်

စစ်ကိုင်းတိုင်းရှိ မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းတွင် ဖြတ်သန်း သွားလာနေသူများကို ဒေသကာကွယ်ရေး မဟာမိတ် ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ပြုလုပ်သည်။

နဂါးညီနောင် အထူးတပ်ဖွဲ့ (DBTF) နှင့် မဟာမိတ် ပူးပေါင်းအဖွဲ့များ ဖြစ်သည့် Yoma Figther (Yinmarbin PDF) နှင့် Spring Guerrilla Platoon (နွေဦးပြောက်ကျားတပ်စု) တို့ ယနေ့ မေလ ၈ ရက်နေ့တွင် ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်သည်။

ဘန့်ဘွေးရွာမ၌ တပ်စွဲထားသော စစ်ကောင်စီတပ်က အရပ်သား ပြည်သူ တစ်ဦးကို ဈေးဝယ်ယူရန် စေလွှတ်လိုက်ကြောင်း စစ်ဆေး တွေ့ရှိခြင်းကြောင့် နောက်နောင် စခများ (စစ်ကောင်စီတပ်ဖွဲ့ဝင်) ၏ စေခိုင်းခြင်းကို လုံးဝ မလုပ်ပေးကြရန် သတိပေးကာ စစ်ဆေး မေးမြန်းပြီး ကောင်းမွန်စွာ ပြန်လွှတ်ပေးခဲ့ကြောင်း နဂါးညီနောင် အထူးတပ်ဖွဲ့ (DBTF) က ဆိုသည်။

ပြည်သူများ စစ်ကောင်စီတပ်နှင့် ခပ်ဝေးဝေး နေကြရန်လည်း ဒေသကာကွယ်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက မေတ္တာ ရပ်ခံထားသည်။

နဂါးညီနောင် အထူးတပ်ဖွဲ့ (Dragon Brothers Task Force – DBTF) သည် မေလ ၆ ရက်နေ့မှ စတင်ပြီး ဒေသကာကွယ်ရေး တပ်ဖွဲ့များ စိုးမိုးထားသည့် နယ်မြေများနှင့် မုံရွာ – ယာကြီး – ကလေး၀ လမ်းပိုင်းတွင် နယ်မြေ စိုးမိုးရေးနှင့် နယ်မြေ ရှင်းလင်းရေးများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မေလ ၆ ရက်နေ့ကလည်း ချင်းတွင်းမြစ်ရိုးတွင် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေစဉ် မုံရွာမြို့မှ ခန္တီးမြို့သို့ ထွက်ခွာလာသည့် ရေယာဉ်သုံးစီးပေါ်တွင် ကနီရှိ စစ်ကောင်စီတပ်ကို သွားရောက် ထောက်ပံ့မည့် ကုန်ပစ္စည်းများ သယ်ဆောင်လာကြောင်း တပ်တွင်း သတင်း ပေး၏ သတင်းပေးချက်အရ ၎င်းတို့အဖွဲ့က သွားရောက် ဖမ်းဆီး ထိန်းသိမ်းမှုများ ရှိခဲ့သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s