မြန်အောင်မြို့တွင် CDM ပညာရေးဝန်ထမ်းတဦး၏ နေအိမ် ချိပ်ပိတ်ခံရ

ဧရာဝတီတိုင်း၊ မြန်အောင်မြို့မှာ မေ ၅ ရက်နေ့က ပညာရေး CDM ဝန်ထမ်းတဦးရဲ့နေအိမ်ကို စစ်ကောင်စီ တပ်သားတွေက လာရောက်ချိပ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။ 

ပညာရေး CDM ဝန်ထမ်း ကိုပြည်ဖြိုးရဲ့ နေအိမ်အပါဝင် ဒေသခံပြည်သူတွေရဲ့ နေအိမ် ၃ လုံးကို စစ်ကောင်စီ တပ်သား တွေက တနေ့တည်းမှာတင် ချိပ်ပိတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ 

“အားလုံးချိပ်ပိတ်ခံရတာ ၃ လုံး ဘာလို့လဲဆိုတာတော့ သေချာမပြောတတ်ဘူးဗျ။ ခုက သိတဲ့အတိုင်း သူတို့ ခေတ်ဆိုတော့ အကြောင်းပြချက်ပေးစရာမလိုဘူးလေ၊ မေးလည်း မမေးရဲကြဘူး လုပ်ချင်တိုင်း လုပ်နေတာ” လို့ ဒေသခံတဦးက ပြောပါတယ်။ 

ပညာရေး CDM ဝန်ထမ်းအပါဝင် ဒေသခံပြည်သူတွေရဲ့ နေအိမ် ၃ လုံးကို ချိပ်ပိတ်တာဟာ PDF တွေကို ထောက်ပံ့တယ်ဆိုပြီး စွပ်စွဲချက်နဲ့ ခုလိုမျိုးလုပ်တာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ 

နေအိမ် ချိပ်ပိတ်ခံရတဲ့ ပညာရေး CDM  ဝန်ထမ်းဟာ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလထဲက CDM မှာ ပါဝင်ခဲ့သူဖြစ်ပြီး နေအိမ်ကထွက်လာပြီးနောက်ပိုင်း ၈ လကျော်အကြာမှာ ခုလိုစစ်ကောင်စီက ခုလိုချိပ်ပိတ်ခဲ့တာလို့ သိရပါတယ်။ 

PDF တွေကို ထောက်ပံ့တယ်ဆိုပြီး စွပ်စွဲချက်နဲ့ နေအိမ်တွေကို ချိပ်ပိတ်ခံခဲ့ရသူတွေဟာ အကြမ်းဖက်ဉပဒေတွေနဲ့ အမှုဖွင့်ခံထားရလို့ နေထိုင်ရာမြို့ကနေ တိမ်းရှောင်နေရတဲ့သူတွေလည်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။  DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s