လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အစည်းအ​ဝေးတွင် အာဆီယံက တမင်ဖယ် ထုတ်ထားခြင်းဖြစ်ဟု NUG ဆို

လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အစည်းအ​ဝေးတွင် အာဆီယံက တမင်ဖယ်ထုတ်ထားခြင်းဖြစ်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)က သတင်းထုတ်ပြန်သည်။

မေ ၆ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်၌ ကျင်းပသည့် အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနိုင်ရေး အတိုင်ပင်ခံအ စည်းအဝေးပြုလုပ်ခဲ့သည်။

ယင်းအစည်းအဝေးရလဒ်နှင့်ပတ်သက်ပြီး အလွန် စိတ်ပျက်မိပြီး စိုးရိမ်ပူပန်မိကြောင်း NUG ကဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ (EROs)/ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(EAOs)တို့နှင့် ဒေသတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ ကဲ့သို့သော မြန်မာနိုင်ငံ၏ အခြားအရေးပါသော သက်ဆိုင်သူများအား အ တိုင်ပင်ခံအစည်းအဝေးမှ တမင်ဖယ်ထုတ်ခြင်းဖြစ်သည်ဟု NUG ကဆိုသည်။

အာဆီယံဥက္ကဌနှင့် အာဆီယံ အထူးကိုယ်စားလှယ်အဖွဲ့ထံသို့ ရှေ့ဆက်ဆောင်ရွက်မည့် နည်းလမ်းများကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးရန်၊ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ယခုအချိန်ထိ ပြန်လည်ဆက်သွယ်မှုမရှိသေးဟု NUG က ထုတ်ပြန်သည်။

စစ်ကောင်စီအနေဖြင့် ခွဲခြားမှုမရှိသည့်လူသားချင်းစာနာထောက်ထားမှုအကူအညီများကို အကောင်အ ထည်ဖော်နိုင်မည်မဟုတ်ကြောင်း NU G ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs/ERO)များအား စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ကော်မတီတွင် ပါဝင်လာစေရန် စစ်ကောင်စီက နိုင်ငံရေးလုပ်ကွက်အဖြစ် ဖိအားပေးလာနိုင်သည်ဟု NUG ကသုံးသပ်သည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ရပ်ရွာများကို အကြမ်းဖက်ဖိနှိပ်ခြင်း၊ အရပ်သားများ၊ တက်ကြွလှုပ်ရှားသူများကို မတရားဖမ်းဆီးခြင်း၊ ရက်စက်ကြမ်းကြုတ်မှုများနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည်ဟု NUG ကဆိုသည်။

ထို့​ပြင်လက်တွေ့ မြေပြင်အခြေအနေများနှင့် စစ်ကောင်စီကို ယုံကြည်မှု ကင်းမဲ့လာခြင်းတို့ကြောင့် အရေးပေါ် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ထိရောက်စွာပေးပို့ခြင်းကို အဟန့်အတားဖြစ်စေသည်ဟု NUG က ထုတ်ပြန်သည်။

စစ်ကောင်စီနှင့်ပတ်သက်ခြင်းမရှိဘဲ လူသားချင်းစာနာထောက်ထားသည့်အကူအညီများကို အမြန်ပေးနိုင်ရန် နယ်စပ်ဖြတ်ကျော်ကွန်ရက်များကို အသုံးပြုမည်ဖြစ်ကြောင်း အာဆီယံခေါင်းဆောင်များနှင့် အလှူရှင်များအား အသိပေးအကြောင်းကြားထားသည်ဟု NUG ကဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ယင်းအစည်းအဝေးသို့ စစ်ကောင်စီဘက်မှ ဦးကိုကိုလှိုင် ခေါင်းဆောင်တက်ရောက်ခဲ့သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s