စစ်ကောင်စီနှင့် သွားရောက်တွေ့ဆုံရန်မရှိဟု KNU ထပ်မံအတည်ပြု

ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ခေါ်မှုအပေါ် သွားရောက်တွေ့ဆုံမည်မဟုတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ပြောခွင့်ရပုဂ္ဂိုလ် ဖဒိုစောတာနီးက ထပ်မံအတည်ပြုပြောကြားလိုက်သည်။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့တွင် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် သူကိုယ်တိုင် တိုင်း ရင်းသားလက်နက်ကိုင်ခေါင်းဆောင်များကို တွေ့ဆုံမည်ဖြစ်ပြီး မေလ ၉ ရက်နေ့ နောက်ဆုံးထားပြီး စာရင်ပေးကြရန် ဝါဒဖြန့်မီဒီယာမှတဆင့် ပြောကြားခဲ့သည်။
ထိုသို့ပြောကြားပြီးနာရီပိုင်းအကြာတွင် တပ်မတော်အနေဖြင့် နိုင်ငံရေးမှထွက်မှဆွေးနွေးမည်ဟူသော ရပ် တည်ချက်ကို ဖဒိုစောတာနီးက မဇ္ဈိမသတင်းဌာနသို့ ပြောကြားခဲ့သည်။
“အဲဒီရပ်တည်ချက်ကို လုံးဝပြောင်းမှာမဟုတ်ပါဘူး။ သူတို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကိုလည်း လုံးဝ လက်မခံပါဘူး။ သူတို့နဲ့ သွားရောက်တွေ့ဆုံမှာ မဟုတ်ပါဘူး” ဟု ဖဒိုစောတာနီးကဆိုသည်။
အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌအနေဖြင့် စစ်တပ်သည် နိုင်ငံရေးမှ လုံးဝထွက်သွားရေး၊ ဖက်ဒရယ် ဒီမိုကရေစီကို အကောင်အထည်ဖော်ဆောင်ရန် တရားဝင်ကြေညာရေး၊ အသွင်ကူးပြောင်းရေး ကြား ကာလ တရားမျှတမှုဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် နိုင် ငံတကာစောင့်ကြည့်သူများ ပါဝင် ရေးတို့ကိုလက်ခံရန် ကတိပေးရမည်ဖြစ်ကြောင်း KNU အနေဖြင့် ပြောကြားထားခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် စစ်ကောင်စီသို့စာရင်းပေးရန်နောက်ဆုံးရက် ရောက်ရန်နီးချိန်တွင် စစ်ခေါင်းဆောင်နှင့် သွားရောက်တွေ့ဆုံရန်ကိစ္စများအတွက် သတင်းထုတ်ပြန်မှုများရှိနေသည်။
စစ်ကောင်စီဥက္ကဋ္ဌ၏ဖိတ်ကြားမှုကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော်(DKBA)၊ ကရင်အမျိုး သားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်း ချမ်းရေးကောင်စီ) (KNU/KNLA PC)၊ ပအိုဝ်းအမျိုးသားလွတ် မြောက် ရေးအဖွဲ့ချုပ်(PLO)နှင့် မွန်ပြည်သစ် ပါတီ(NMSP)တို့ကလက်ခံပြီး သွားရောက်တွေ့ဆုံမည်ဖြစ်ကြောင်း PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ကြီးစောကျော်ညွန့်မှ မေလ ၆ ရက်နေ့က ပြောကြားထားသည်။
ယင်းအစည်းအဝေးအား ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဉီး (CNF)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ကျောင်းသားတပ်မတော်) ABSDF တို့မှ တက်ရောက်မည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာ ထားသည်။ mizzima