Monthly Archives: May 2022

ဂျပန်နိုင်ငံတွင် ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦး တော်လှန်ရေး ဒုတိယလှိုင်း အဖြစ် အကြမ်း ဖက် စစ်တပ် သွေးစွန်းငွေ ဖြတ်တောက်ရေး ချီတက် ဆန္ဒပြ

khit thit

စစ်ခေါင်းဆောင်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ မတက်ဟု ABSDF ပြော

အာဏာသိမ်းစစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ တန်းတူရည်တူ ဆွေးနွေးအဖြည့်ရှာဖို့ ပြည်စုံလုံလောက်တဲ့ အခင်းအ ကျင်းမရှိတဲ့အတွက် မြန်မာတနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အနေနဲ့  တက်ရောက်မှာ မဟုတ်ဘူးလို့ ဒီကနေ့ မေ ၈ ရက်က သဘောထားထုတ်ပြန်ခဲ့ပါတယ်။

မေ ၂ ရက်က အာဏာသိမ်း စစ်ခေါင်းဆောင်က လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်ဖို့ တိုင်ရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ထားတဲ့အပေါ် အခုလို ထုတ်ပြန်လိုက်တာပါ။

မြန်မာတနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တပ်ဦး၊ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် အေးလွင်က “နိုင်ငံရေးပြဿနာကို ဖြေရှင်းဆောင် ရွက်နိုင်တဲ့ အနေအထားမျိုးဖိတ်ခေါ်တာကို ဗိုလ်ချုပ်မှူးကြီး ပြောတဲ့အထဲမှာကော စာပို့တဲ့အထဲမှာကော ကျနော်တို့ အချက်အလက်တွေမ တွေ့ရတဲ့အပေါ်မှာ ဒီနေ့အခြေအနေမှာ မတက်ရောက်နိုင်ဘူးလို့ ထုတ်ပြန်တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါအပြင် ABSDF အနေနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖယ်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးကိစ္စမှာ  ၃၂ နှစ်တာ ကာလအတွင်း တိုင်း ရင်းသားလူမျိုး လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ကော လက်ရှိနွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင်စနစ်ဖြုတ်ချရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေးဆိုတဲ့ အင်အားစုအားလုံးနဲ့ လက်တွဲဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF) တို့ကလည်း အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ဘူးလို့ သဘောထား ထုတ်ပြန်ထားကြပါတယ်။

စစ်ခေါင်းဆောင်ရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအပေါ်  NCA အပစ်ရပ်အဖွဲ့အစည်း ၁၀ ဖွဲ့ထဲက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNL O)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) တို့ တက်ရောက်မယ်လို့ သိရပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ချက်ဟာ အတုအယောင်ငြိမ်းချမ်းရေးဖိတ်ခေါ်မှုတာဖြစ်ပြီး လတ်တလောကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စစ်ရေးနဲ့ ဘက်ပေါင်းစုံက အကျပ်အတည်းတွေကို ယာယီဖြေရှင်းဖို့အတွက်သာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က သဘောထား ထုတ်ပြန်ထားပါတယ်။ DVB

ဘုတလင်မြို့ရဲစခန်းကို ဒေသကာကွယ်ရေးတပ် လက်နက်ကြီးဖြင့် ပစ်ခတ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ရဲစခန်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်အား မေလ ၇ ရက် နေ့လယ် ၁ နာရီခန့်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေး ချိုမိုင်မိုင် ယင်းမာပင် ကနီ မဟာမိတ် တပ်ပေါင်းစုအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ရှော့တိုက်ဒုံးနှင့် ၆၀ မမ များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုကို အတည်မပြုနိုင် သေးကြောင်း တိုက်ခိုက်ခံရ ပြီးနောက် စစ်ကောင်စီတပ် သည် သမန်းတောရွာနှင့် ရွှေတောင်ရွာတို့အား မီးရှို့သောကြောင့် အိမ်နှစ်လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း ဆိုသည်။

“ကျွန်တော်တို့ လက်နက်ကြီးနဲ့ပဲ ပစ်တာဗျ၊ လက်နက်ငယ် မပါပါဘူး၊ ခွေး(စစ်ကောင်စီတပ်သား) တွေက ပြန်မပစ်ဘဲနဲ့ ကျွန်တော်တို့ နေရာကို လာတာဗျ၊ ကျွန်တော်တို့က သိတော့ ပြန်ဆုတ်လာတာဗျ၊ ကျွန်တော်တို့ကို မတွေ့တော့ ရွာမီးရှို့သွားတာဗျ” ဟု မဟာမိတ်တပ်ပေါင်းစု အဖွဲ့ တာဝန်ရှိသူက ပြောသည်။

မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်း၊ ၅ မိုင်ဂိတ်အနီးတွင် မေလ ၅ ရက်နေ့က Ooredoo ဆက်သွယ်ရေး ကုမ္ပဏီပိုင်ကားနှင့် ဆီပေပါ လေးလုံးအား ဒေသ ကာကွယ်ရေးတပ်ဖွဲ့က သိမ်းဆည်းခဲ့ကြောင်း သိရသည်။ mizzima

မကွေး လောင်းရှည် ရဲစခန်းမှ ရဲတပ်သား အောင်ကျော်လင်း M 22 သေနတ်ပါ ယူ ဆောင်လာကာ CDF-KKG တပ်ဖွဲ့ထံ CDM ပြုလုပ်

မကွေးတိုင်း၊ လောင်းရှည်နယ်မြေရဲစခန်းမှ ရဲတပ်သား အောင်​ကျော်လင်းသည် ယနေ့ မေလ ၈ ရက်နေ့တွင် Chinland Defense Force – Kalay Kabaw Gangaw တပ်ဖွဲ့ထံ CDM လာရောက် ပြုလုပ် ခဲ့ကြောင်း CDF-KKG တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ရဲတပ်သား အောင်ကျော်လင်းသည် M 22 မောင်းပြန် သေနတ်တစ်လက် ကျည်အိမ်အပိုတစ်ခုနှင့် ကျည် (၉၁) ထောင့်တို့ကိုလာ တပါတည်းယူဆောင်လာပြီး CDM ပြုလုပ်ခဲ့ခြင်း ဖြစ်ကာ ထိုက်သင့်သည့် ဆုကြေးငွေများချီးမြှင့်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် CDF-KKG တပ်ဖွဲ့ ထံ CDM လာရောက် ပြုလုပ်သော စစ်သားနှင့် ရဲ ၈ ဦးအထိ ရှိကာ လက်နက်/ကျည်အပြည့်အစုံဖြင့် အ လင်း ဝင်ရောက်လာသူများကိုသာ လုံခြုံစိတ်ချရသော နယ်မြေသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကာ ထိုက်သင့်သော ဆုကြေးကိုလည်း ချီးမြှင့်သွားမည်ဖြစ်ပြီး လက်နက်/ကျည် မပါသူများကို CDF-KKG တပ်ဖွဲ့က တာဝန်ယူမည် မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။ khit tht

မုံရွာမြို့အဝင်ဂိတ်ကို MPDF က လက်နက် ကြီးဖြင့် ပစ်ခတ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် မအူဂိတ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မေလ ၇ ရက်နေ့ညမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးသွားတယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ (MPDF) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီစစ်ကောင်စီဂိတ်ကို ၄၀ မမ ဗုံးပစ်လောင်ချာကျည် ၃ လုံးနဲ့ ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိရာ ထိမှန်ကျရောက်ခဲ့တာလို့ MPDF တာဝန်ရှိသူက ပြောပါတယ်။

“မနေ့ညက ကျ‌နော်တို့ ပစ်ခတ်ခဲ့ရာမှာ နောက်ဆုံး ၂ လုံးက သူတို့ ထိသွားတယ်။ သေတဲ့အထဲ အကောင်ကြီးကြီး အရာရှိ ၁ ယောက်အပါဝင် ၈ ယောက် အဲ့ဒီနားမှာပဲ သေတယ်။ နောက်ပြီး ၆ ယောက်လောက် ဒါဏ်ရာရသွားတယ်လို့ သိရပါတယ်။” 

စစ်ကောင်စီတပ်ဖွဲ့က ရမ်းသန်းပစ်ခတ်မှုတွေရှိခဲ့ပေမယ့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အထိခိုက်မရှိ အောင်မြင်စွာ ဆုပ်ခွာနိုင်ခဲ့ကြောင်း၊ အဆိုပါ ဂိတ် မနေ့ညက လက်နက်ကြီးနဲ့ အပစ်မခံရမီ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၂၀ ကျော်ရှိနေပြီး ဖြတ်သန်းယာဉ်မှန်သမျှကို စစ်ဆေးနေတယ်လို့ သိရပါတယ်။

မေလ ၈ ရက်နေ့ ဒီနေ့မနက်မှာတော့ မုံရွာမြို့နယ်က လယ်ဇင်ကျေးရွာအပါအဝင် ကျေးရွာအချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်မွှေ နှောက်ကာ ပစ်ခတ်မှုတချို့လည်း ရှိနေတယ်လို့ သိရပါတယ်။

မုံရွာမြို့ မအူဂိတ်တိုက်ခိုက်မှုကို Special Force – 11၊ Monywa People Defence Force( MPDF) နဲ့ Monywa Satan အဖွဲ့တွေက ပူး ပေါင်း ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

မအူဂိတ်တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ DVB

ဟားခါး-ဖလမ်း လမ်းပိုင်းတွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်သား ၁၄ ဦးခန့် သေဆုံး၊ မုံရွာတွင် စစ်ကောင်စီ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ၈ ဦးသေဆုံး ၆ ဦး ဒဏ် ရာရ၊ ချင်းတွင်းမြစ်ကြောင်းတွင် စစ်ကောင်စီ သင်္ဘောပစ်ခတ်ခံရပြီး စစ်သား ၃ ဦး သေဆုံး

ချင်းပြည်နယ်၊ ဟားခါး-ဖလမ်းကားလမ်းတွင် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို CNDFနှင့် ပူးပေါင်းအဖွဲ့က မေလ ၄ ရက်နှင့် ၆ ရက်နေ့တွင် ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၄ ဦးခန့် သေဆုံးပြီး မေလ ၇ ရက်တွင် CNDF ရဲဘော် ၁ ဦး မိုင်းမတော်တဆမှု ဖြစ်ပြီး ကျဆုံးသွားကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် CNO က သတင်းထုတ်ပြန်သည်။

သံချပ်ကာအမြှောက်ကား ၂ စီးပါ စစ်ကား အစီး ၂၀ ကျော် ယာဉ်တန်းသည် ဟားခါးမြို့မှ မေလ ၂ ရက်နေ့တွင် ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး မေ လ ၄ ရက်နေ့တွင် CNDF နှင့် ပူးပေါင်းအဖွဲ့က ဒေါက်ထက်ကျေးရွာအနီးတွင် မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၆ ဦးခန့် သေဆုံးကြောင်း၊ မေလ ၆ ရက်နေ့တွင် ထပ်မံမိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၈ ဦး သေဆုံးကြောင်း သိရှိရသည်။

ဟားခါး-ဖလမ်း ကားလမ်းပေါ်ရှိ တားလ်ကျေးရွာအနီးတွင် မေလ ၇ ရက်၌ CNDF ရဲဘော် ၁ ဦး မိုင်းမတော်တဆဖြစ်ပြီး ကျဆုံးခဲ့ကြောင်း CNDF က ဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်ရှိ အကြမ်းဖက်စစ်ကော်ငစီတပ်ဖွဲ့ဝင်များ စခန်းချနေသော မအူစစ်ဆေးရေးဂိတ်ကို မုံရွာအခြေစိုက် ညီနောင် ၃ ဖွဲ့က ယမန်နေ့ ည ၇ နာရီခွဲခန့်တွင် ဝင်ရောက်ပစ်ခတ်ရာ အရာရှိ ၁ ဦးအပါအဝင် စစ်သား ၈ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ကို Monywa People Defence Force (MPDF)၊ Monywa Satan၊ Special Force 11. PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အလားတူ ယမန်နေ့ နံနက် ၉ နာရီခန့်တွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်ကောင်စီသင်္ဘော ၁ စီးကို နွားထိုးကြီးဒေသကာကွယ်ရေးတ်ပဖွဲ့ NRDF နှင့် မြောင်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ MSPDF ပူးပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း NRDF က သတင်းထုတ်ပြန်ထားသည်။ khit thit

ပြောင်းရွှေ့ခံနိုင်ကျဉ်းများကို ဆဲဆိုရိုက်နှက်သဖြင့် ဘားအံထောင်တွင်း ဆန္ဒပြ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ တောင်ကလေးထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို မေ ၈ ရက် မနက် ၆ နာရီလောက်က အကျဉ်းထောင်ရွှေ့ပြောင်းရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆဲဆိုရိုက်နှက် ခေါ်ဆောင်တဲ့အတွက်  ဆန္ဒပြခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက‌ ပြောပါတယ်။

ကျိုက်မရောအကျဉ်းထောင်ကို ရွှေ့ပြောင်းပို့ဆောင်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၅၀ နဲ့  အကျဉ်းသူ ၁၆ ဦးကို စစ်သားတွေက ဆဲဆိုရိုက်နှက်ကာ မြတ်ရတနာမင်းမှန်လုံကားနဲ့ ခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။

ဧပြီ ၂၇ ရက် ညနေပိုင်းက ရာဇဝတ်မှုနဲ့ ပြစ်ဒဏ်ကျနေတဲ့ ထောင်တန်းစီးက နိုင်ငံရေးအကျဉ်းသားတဦးကို ရိုက်နှက်ထိုးကြိတ်ရာက နိုင်ငံရေးအကျဉ်းသားတွေက ကျေနပ်မှုမရှိတဲ့အတွက် အော်ဟစ်ပြီး သွေးသစ္စာသီချင်းနဲ့ နိုင်ငံရေးသီချင်းတွေ သီဆိုဆန္ဒပြခဲ့တဲ့အတွက် အခုလို ထောင်ပြောင်းရွှေ့ခံရတာပါ။

ဘားအံမြို့၊ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက “စစ်ကောင်စီအနေနဲ့ အရင်တုန်းက နဝတ၊ နအဖခေတ်တုန်းက အစဉ်တဆက် နိုင်ငံရေးအ ကျဉ်းသားတွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်။ ပြီးသတ်ဖြတ်တယ်။ မိသားစုတွေနဲ့ အဆက်အသွယ်ပြတ်အောင် ဒါမှမဟုတ်ရင်  ပိုမိုခက်ခဲအောင်လို့  စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်ဆိုတာ အတိအလင်းဖော်ပြနေတာ” လို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေအပေါ် ပြုမူနေတာတွေဟာ ပိုမိုကျူးလွန်နေတာဖြစ်လို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးတွေကနေ ထိထိရောက်ရောက်အရေးယူပေးဖို့ အားလုံးကဝိုင်းဝန်းတောင်းဆိုကြဖို့ လိုတယ်လို့ ဆိုပါတယ်။

အကျဉ်းထောင်ပြောင်းရွှေ့ရာမှာ ရိုက်နှက်ခေါ်ဆောင်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်အတွင်းမှာ သွေးသစ္စာသီချင်းနဲ့  သံပုံးတီး ဆန္ဒပြခဲ့ကြသလို့ လမ်းတလျှောက် သွေးသစ္စာသီချင်းသီဆိုသွားခဲ့တယ်လို့ သိရပါတယ်။

ဘားအံအကျဉ်းထောင်အတွင်း လူသတ်မှု၊ မုဒိမ်းမှု၊ မူးယစ်ဆေးဝါးမှုနဲ့ စတဲ့ ရာဇဝတ်မှုနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေ အကျဉ်းသားရပိုင်ခွင့် အ ခွင့်အရေးရရှိပြီး နိုင်ငံရေးမှုနဲ့ ပြစ်ဒဏ်ကျခံနေရသူတွေကို ထောင်အာဏာပိုင်တွေက ဖိနှိပ်ထားတဘ်လို့ သိရပါတယ်။

ဒါအပြင် အိပ်ဆောင်မှူး၊ တန်းစီးတွေက အနိုင်ကျင့်တာတွေကြောင့် မကြာခဏ ထောင်တွင်း ဆန္ဒပြတာတွေ ရှိတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေဆီက သိရပါတယ်။

ဘားအံ အကျဉ်းထောင်မှာ နိုင်ငံရေး အကျဉ်းသား ၃၀၀ လောက်ရှိတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူတွေရဲ့ စာရင်းတွေအရ သိရပါတယ်။ DVB

တရက်တည်း စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက် ၇၀ ကျော် သေဆုံးဟု NUG ထုတ်ပြန်

မေ ၇ ရက် မနေ့က တရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၇၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ခုထုတ်ပြန်ထားတဲ့ အချက်လက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ အရေအတွက်ကတော့ ၂၂ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ်မြန်မာ့မြေပေါ်မှအပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီ တည် ဆောက် ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁၁ လတာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၃,၀၀၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၂၈၀ ထိ ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် ဧပြီ ၂၅ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားခဲ့တာ ဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

NUG အစိုးရ တည်ထောင်ပြီး ၁ နှစ်တာကာလအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ပေါင်း ၂၅၇ ရင်းကို ဖွဲ့စည်းတည် ထောင်နိုင်ခဲ့ပြီးဖြစ်ကာ မြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ မှာ စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့တွေ၊ မြို့ပြပြောက်ကျားအဖွဲ့တွေ ၄၀၀ ကျော်နဲ့လည်း ဟန်ချက်ညီစွာ တိုက်ပွဲဖော်ဆောင်ဖို့ ချိတ် ဆက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။DVB

ဖရူဆိုတိုက်ပွဲတွင် သေဆုံးသွားသော ဒုတိယဗိုလ်မှူးကြီး၏ အဆောင် အယောင် တံဆိပ်များကို KNDF ရဲဘော်၏ ဖိနပ်နှင့် အိမ်သာစီး ဖိနပ်တို့တွင် တပ်ဆင်စီးနင်း

ကရင်နီပြည်နယ်၊ ဖရူဆိုတိုက်ပွဲတွင် ယမန်နေ့ မေလ ၇ ရက်နေ့ တိုက်ပွဲတွင် သေဆုံးသွားသော စစ်တပ် ဒုတိယဗိုလ်မှူးကြီး၏ အဆောင်အ ယောင် တံဆိပ် များကို KNDF ရဲဘော်တစ်ဦးက ၎င်း၏ စစ်သုံးဖိနပ်နှင့် အိမ်သာစီး ဖိနပ်တို့တွင် တပ်ဆင် စီးနင်းအသုံးပြုထားကြောင်း သိရှိရသည်။

“မနေ့ကပွဲမှာ စစ်ခွေးတွေက မိုက်ရင်တက်ခဲ့ လို့အော်တယ်။ မိုက်လို့တက်တယ်ဘာလို့ ထွက်ပြေးကြလဲ။ ပြန်မေးပေးပါ။ သူတို့ကို ပြောချင်တာက မြန်မြန်လက် နက်မချရင် အကုန်ရှင်းခံရမှာပဲ။ လက်နက်မချသရွေ့ အသက်ရှင်ဖို့ နည်းလမ်းနည်းလိမ့်မယ်။ ကျနော်က သေနတ်မပစ်တတ်ခဲ့ဘူး။ အခုဘယ်နည်းပဲရရအကုန်သုံးပြီး တိုက်တတ်နေပြီ။ မကြောက်ရင်လည်း မအလအမိန့်ဆက်နာခံကြပါ။ သေနတ်ချင်းယှဥ်မပစ်ရဲဘဲ နဲ့ကရင်နီနယ်ကိုလာမနင်းနဲ့။ သေနတ်ပစ်ရမယ်လို့ တစ်ခါမှမစဥ်းစားဖူး။ ကျနော်ကရင်နီနယ်သားက ပြောနေတာပါ။ ကျနော်တို့အသိုက် အဝန်းကိုထိပါးတဲ့ ဘယ်အာဏာရှင်မဆို အသေအကြေတိုက်မယ်” ဟု သေဆုံးသွားသော ဒုတိယဗိုလ်မှူးကြီး၏တံဆိပ်ကို စစ်သုံးဖိနပ်တွင် တပ်ဆင် စီးနင်းနေသူ ကရင်နီရဲဘော်က ပြောသည်။

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ လောကျေခူရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား မေလ ၇ ရက် နံ နက်တွင် ၂ ကြိမ်တိုက်ပွဲဖြစ်ပြီး စစ်သား ၂၅ ဦးထက်မနည်းသေဆုံးသွားကြောင်း KNDF တပ်ရင်း ၄ က သတင်းထုတ်ပြန်သည်။

ယမန်နေ့ မေလ ၇ ရက် နံနက် ၈ နာရီခွဲတွင် ဘော်လခဲမြို့နယ်ဘက်မှ ထွက်ခွာလာသော စစ်ကား ၂၀ စီးပါ ယာဉ်တန်းကို လောကျေခူကျေးရွာအနီးတွင် တိုက်ခိုက်ရာ စစ်ကား ၄ စီး ပျက်စီးကာ အဆိုပါ ကား ၄ စီးပေါ်မှ စစ်သား အားလုံး စုစုပေါင်း ၁၅ ဦးသေဆုံးကြောင်း အဆိုပါ စစ်ကားများကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရှိရသည်။

ယမန်နေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် အဆိုပါ တိုက်ပွဲဖြစ်ရာနေရာသို့ စစ်ကူလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲထပ်မံဖြစ်ပွားပြီး စစ် သား ၁၀ ဦးထက်မနည်းသေဆုံးကြောင်း အတည်ပြုနိုင်ပြီး ၂ ဦးကို အရှင်ဖမ်းမိကြောင်း ကရင်နီတပ်ဖွဲ့မှ ရဲဘော် ၁ ဦး ဒဏ်ရာရကြောင်း K NDF တပ်ရင်း ၄ က ဆိုသည်။ khit thit

« Older Entries Recent Entries »