ကျောက်တော်မြို့နယ်ရှိ မဟာမုနိ စစ်ဘေးရှောင်စခန်း မီးလောင်ပြီး တဲ ၃၀၀ ကျော် ပြာကျ၊ စစ်တပ် ရှို့မီးဟု သုံးသပ်မှုများရှိ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မဟာမုနိဘုရားအနီး မဟာမုနိစစ်ဘေးရှောင်စခန်းတွင် ယနေ့ နံနက်အစောပိုင်းတွင် ကျော်တွင် မီးလောင်ခဲ့သည်ခဲ့ပြီး အိမ်ခြေ ၃၀၀ ကျော် ပြာကျသွားကြောင်း သိရှိရသည်။
ယနေ့ နံနက် ၁၂ နာရီကျော်အချိန် မီစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး မီးစတင်လောင်ကျွမ်းသည့်အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ သို့ရာတွင် စစ်ဘေးရှောင်တချို့က စစ်တပ်ဘက်သားများ၏ ရှို့မီးဖြစ်နိုင်သည်ဟု သုံးသပ်မှုများရှိနေသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် AA နှင့် စစ်တပ်အကြား စစ်ရေးတင်းမာမှုများ အလွန်အရှိန်မြင့်တက်နေ ချိန်လည်းဖြစ်သည်။ khit thit