တောင်ငူ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ ခြေ လျင်တပ်ရင်း ၇၃ တွင် တိုက်ပွဲပြင်းထန်၊ မီး လောင်နေမှုများကို မြင်တွေ့ရ

တောင်ငူ၊ ထန်းတပင်၊ ဇရပ်ကြီးမြို့ ၊ ခြေလျင်တပ်ရင်း ၇၃ တပ်နေရာတွင် ပစ်ခတ်သံများဆူညံနေပြီး တိုက်ပွဲပြင်းထန်နေကြောင်း၊ တပ်ထဲနေ ရာတချို့တွင် မီးတောက်များ မြင်တွေ့ရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ယနေ့ည ၉ နာရီခွဲအချိန်မှစတင်ပြီး တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး လက်နက်ကြီးပစ်သံများ၊ စက်သေနတ်ပစ်သံများဖြင့် ဆူညံနေကြောင်း သိရှိရသည်။

“ခလရ ၇၃ ဘက်မယ် တိုက်ပွဲပြင်းထန်နေတယ်။ လက်နက်ကြီးသံတွေအတော်ကြာကြာကြားရတယ်။ တောင်ငူ ဇရပ်ကြီးဘက်မှာတော့ ခုည ကိုးနာရီခွဲလောက်ကနေဆယ်နာရီကျော်ထိ တအုံးအုံးနဲ့ ချနေကြပြီ။ လက်နက်ကြီးသံအချက်ငါးဆယ်ကျော်တယ်ဗျ။ မီးတောက်တွေလည်းမြင်နေရတယ်။ တပ်ထဲလား တပ်နားမှာလားမသိဘူး မီးလောင်နေတယ်” ဟုဒေသခံတစ်ဦးက ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s