ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့အခြေစိုက် ခ လရ(၇၃) ကို KNLA နှင့် PDF ပူးပေါင်းတပ်တို့မှ ဝင်ရောက် တိုက်ခိုက် စစ်ကောင်စီတပ်မှ ၂ ဦး သေဆုံး

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့ရှိ ခြေလျင်တပ်ရင်း (၇၃) ကို မေလ ၈ ရက်နေ့ ည ၉ နာရီခွဲဝန်းကျင်က KNLA နှင့် PDF တပ်ရင်း (၃၅၀၁)၊ ခွဲ(၃)ပူးပေါင်းတပ်တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှနှစ်ဦးသေဆုံးပြီး KNLA ပူးပေါင်းတပ်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။
“ ကျနော်တို့ပူးပေါင်းတပ်က အရင်ပစ်တယ်။ စစ်ခွေးတွေက လက်နက်ကြီးနဲ့ ပြန်ထုတယ်။ ကျနော်တို့အဖွဲ့ ပြန် ဆုတ်ခဲ့တယ်။ တိုက်ပွဲကြာချိန်က နာရီဝက်လောက်ပါပဲ။ စစ်ခွေး နှစ်ကောင်သေတယ်” ဟု PDF ရဲဘော်တစ်ဦးက အတည်ပြုပြောကြားသည်။
တိုက်ပွဲဖြစ်ပွားခဲ့နောက် စစ်ကောင်စီတပ်မှ အင်အားထပ်မံတိုးလာပြီး အနီးအနားရှိ ကျေးရွာများကို စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
ပြီးခဲ့သောမတ်လမှစတင်ပြီး ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ပဲခူးတိုင်းအတွင်းရှိ စစ်ကောင်စီတပ် စခန်းများ၊ စစ်ဆေးရေးဂိတ်များနှင့် စစ်ယာဉ်တန်းများကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လျှက်ရှိသည်။ mizzima