ဒေါပုံတွင် အမျိုးသား ၁ ဦးပစ်ခတ်ခံရပြီး လူငယ် ၃ ဦးကို စစ်တပ်က ဖမ်းဆီး

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်မှာ မေ ၈ ညနေပိုင်းက အမျိုးသားတယောက်  ပစ်ခတ်ခံရအပြီး လူငယ် ၃ ယောက်ထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက  ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကြည်စုရပ်ကွက် ဓမ္မရိပ်သာလမ်းထဲမှာ  အမျိုးသားတယောက် သေနတ်နဲ့ ပစ်ခတ်ခံရအပြီး လမ်းအတွင်း နေထိုင်တဲ့ လူငယ်သုံးယောက်ထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ညနေ ၅ နာရီကျော်လောက်မှာ  သေနတ်ပစ်ခတ်မှုဖြစ်တယ်။ အပစ်ခံရတဲ့ အမျိုးသားက လမ်းထဲကမဟုတ်ဘူး။ ဆိုင်ကယ်နဲ့ နှစ်ယောက်က လာပစ်သွားတာ။ ဘာကြောင့်ပစ်လဲမသိရဘူး။ သေနတ်အပစ်ခံရအပြီး လမ်းထဲက လူငယ်လေးတွေကို လာဖမ်းသွားတာပဲ။ ကျနော်သိသ လောက် အဖမ်းခံရတာ လူငယ် ၃ ယောက်ထက်တော့ မနည်းလှဘူး” လို့  ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ လူငယ်တွေကိုတော့ ဘယ်နေရာကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s