ပင်းတယမြို့နယ်ပညာရေးမှူးရုံး မိုင်းဖောက်ခွဲခံရ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်ပညာရေးမှူးရုံးကို ယနေ့ မေလ ၉ ရက် နံနက် ၄ နာရီခွဲခန့်တွင် မိုင်းဖြင့် ဖောက်ခွဲခဲ့သည်ဟု ပင်းတယမြို့ပြပြောက်ကျားတပ်စု (Urban Task Force PINDAYA-UTF PDY)မှ သိရသည်။
ကျောင်းများပြန်ဖွင့်ရန်ပြင်ဆင်နေသည့်အတွက် ပညာရေးအားစတင်အသိပေးသည့်အနေဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ် သည်ဟု UTF PDY အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
“လက်ရှိက ကျောင်းတွေပြန်ဖွင့်တော့မှာမလို့ လောလောဆယ်တော့ အသံမိုင်းသာသာ အပျော့စားမိုင်းနဲ့ဖောက်ခွဲ ပြီး သတိပေးအဆင့်ပဲလုပ်တာပါ။ နောက်ပိုင်းတော့ ပိုအားကောင်းတာနဲ့ခွဲသွားပါမယ်” ဟု UTF PDY မှ တာဝန်ရှိသူ က မဇ္ဈိမကိုပြောသည်။
ပင်းတယမြို့ပြပြောက်ကျားတပ်စု (Urban Task Force PINDAYA) (UTF PDY) အဖွဲ့သည် မေလ ၄ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပထမဆုံးတိုက်ခိုက်မှုအနေဖြင့် ဌာနဆိုင်ရာအဆောက်အအုံများကို တိုက်ခိုက်သွားမည်ဟု ပြော ကြားပြီးနောက်တွင် အဆိုပါဖောက်ခွဲမှုကိုလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“ ပထမဆုံးလုပ်ဆောင်ချက်မှာတော့ အခက်အခဲ မရှိဘဲလုပ်ဆောင်နိုင်ခဲ့ပါတယ်” ဟု အဆိုပါအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
နောက်ပိုင်းတွင်လည်း ထပ်မံ၍ ဌာနဆိုင်ရာအဆောက်အဦများအား ပိုမိုအားကောင်းသောဖောက်ခွဲမှုများ လုပ် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း UTF PDY က ပြည်သူများအားကြိုတင်အသိပေးထားသည်။ mizzima