ပြင်ဦးလွင်မြို့တွင် စက်သုံးဆီပြတ်လပ်မှု ကြုံတွေ့နေ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် မေလ ၈ ရက်နေ့မှယနေ့ထိ စက်သုံးဆီပြတ်လပ်မှု ကြုံတွေ့ နေရကြောင်း မြို့ခံတစ်ဦးထံမှ သိရသည်။
ပြင်ဦးလွင်မြို့၌ ထူးဆီဆိုင်အပါအဝင် ဆီဆိုင်အများစုတွင် မေလ ၈ ရက်နေ့ကတည်းက စက်သုံးဆီများ ပြတ်လပ်နေပြီး ကုန်စည်ပို့ဆောင်ခမြင့်တက်မှုကြောင့် ကုန်ဈေးနှုန်းတက်မည်ကို စိုးရိမ်နေကြသည်ဟု မြို့ခံကိုဖြိုးက ပြောသည်။
“ စက်သုံးဆီ 92 ပြတ်နေတာ။ မနေ့ကလည်းပြတ် ဒီနေ့လည်း ပြတ်နေတယ်။ ထူးဆီဆိုင် အပါအဝင်ပေါ့။ ဆီပြတ်တဲ့အတွက် ဆီဈေးတက်တော့ ကုန်စည်ပို့ဆောင်ခတက်လာလို့ ပြည်သူတွေက ကုန်ဈေးနှုန်း တက်တဲ့အတိုင်း ပေးရတယ်ဗျ။ အထူးသဖြင့် သာမန်လက်လုပ်လက်စားသမားတွေဆို နေ့တွက်ခက တိုး မလာဘဲ ငွေကြေးတန်ဖိုးကျဆင်းတဲ့ဒဏ်ကို တိုက်ရိုက်ခံလာရတယ်” ဟု ပြင်ဦးလွင်မြို့ခံ ကိုဖြိုးကပြော သည်။
ယခုရက်ပိုင်းအတွင်း စက်သုံးဆီဈေးသည် 92 တစ်လီတာလျှင် ကျပ် ၂၃၅၀ အထိပေးနေရသည်ဟု ပြင်ဦးလွင်မြို့မှ ဆီဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။
“အဓိက စကစ(စစ်ကောင်စီ)အနေနဲ့ PDF တွေရဲ့စက်တပ်ယာဉ်မှန်သမျှ ကုန်ကျစရိတ်များအောင်ရယ် ပြည်သူလူထုအနေနဲ့ ဈေးကြီးပေးဝယ်ရတဲ့အတွက် ကူညီထောက်ပံ့မှုတွေ လျော့နည်းအောင်လုပ်တဲ့ သဘောလို့ပဲ မြင်မိတယ်” ဟု စက်သုံးဆီပြတ်လပ်မှုအပေါ် ကိုဖြိုးက သုံးသပ်သည်။ mizzima