ဘားအံထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ဆန္ဒပြမှု ရိုက်နှက်ဖြိုခွင်းခံရပြီး အကျဉ်းသား ၄ ဦး ဒဏ်ရာပြင်းထန်၊ ၁၇ ဦးတိုက်ပိတ်ခံရပြီး အစာဖြတ်ခံထားရ

ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်တွင် ယမန်နေ့ နံနက်ပိုင်း နိုင်ငံရေးအကျဉ်းသား ၆၆ ဦးကို စစ်တပ်က ရုတ်တရက် ခေါ်ဆောင်သွားမှုကို မကျေနပ်၍ နိုင်ငံရေးအကျဉ်းသားများက ဆန္ဒပြကြရာတွင် စစ်ကောင်စီဘက်က ရိုက်နှက်ဖြိုခွင်းမှုများ လုပ်ဆောင်ခဲ့သဖြင့် နိုင်ငံရေး အကျဉ်း သား ၄ ဦး ဒဏ်ရာ အပြင်းအထန်ရရှိကြောင်း အကျဉ်းဦးစီးဌာနနှင့်နီးစပ်သော သတင်းရပ်ကွက်ထံမှ သိရှိရသည်။

“နိုင်ငံရေးအကျဉ်းသားတွေ အိုးခွက် ပန်းကန်တွေတီးပြီး ကြွေးကြော်တယ်။ သွေးသစ္စာ သီချင်းဆိုတယ်။ ဖြစ်နေတာက မနက်အစောကြီး အ ကျဉ်းသားတွေ ခေါ်ထုတ်သွားချိန်ကတည်းက။ စစ်သားနဲ့ရဲတွေဝင်လာ၍ နံပါတ်တုတ်တွေနဲ့ ရိုက်တယ်။ သေနတ်ဒင်နဲ့ ထုတယ်။ လေးခွတွေနဲ့ပစ်တယ်။ အဲဒါ ကိုနေလင်းထွန်း၊ ကိုမိုးမင်းထက်၊ ကိုလွင်မိုးထက်၊ ကိုခန့်သီလွင် လေးဦးတို့ကို ၀ိုင်းရိုက်တယ်။ လက်ထိပ်ခတ်ပြီး တရွတ်တိုက် ဆွဲခေါ်သွားတယ်။ ” ဟု အကျဉ်းဦးစီးဌာန သတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၁၇ ဦးကိုလည်း တိုက်ပိတ်ခြင်းနှင့် ညစာ ဖြတ်တောက်ခြင်း၊ ရေဖြတ်တောက်ခြင်းများ စစ်ကောင်စီဘက်က လုပ်ဆောင်ကြောင်း၊ ဆန္ဒပြမှုတွင် ပါဝင်သည့်အတွက်ဟုဆိုကာ အပြစ်ပေး အရေးယူခြင်းဖြစ်ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s