ဘုတလင်မြို့နယ်နှင့် ဝက်လက်မြို့နယ်တို့တွင် စစ်ကောင်စီတပ်ယာဉ်တန်း တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နဲ့ ဘုတလင်မြို့နယ်စပ်မှာ အလုံနမခဘက်ကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်း မေ ၈ ရက် နေ့လယ် ၂ နာရီလောက်မှာ မိုင်းဆွဲခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုတိုက်ခိုက်မှုမှာ ဒီမိုကရက်တစ်အောက်ချင်းတွင်းဖွဲ့၊ Dynamite Heroes၊ ချိုမိုင်မိုင်အဖွဲ့၊ Anonymous Heroesအဖွဲ့နဲ့အခြားအဖွဲ့တွေပါဝင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

မိုင်းဆွဲရာမှာ ပါဝင်သူ ချိုမိုင်မိုင်အဖွဲ့ခေါင်းဆောင်က “ဘုတလင်မြို့နယ်က အဖွဲ့ ငါးဖွဲ့နဲ့ မိုင်းဆွဲခဲ့တာ။ စစ်ကောင်စီတပ်ဖွဲ့တွေ အကျအဆုံး များလိမ့်မယ်။ အတိအကျတော့ မပြောနိုင်ဘူး။ ကားတစီးကတော့ ထိထိမိမိ ထိတယ်” လို့ ပြောပါတယ်။

အခုမိုင်းဆွဲခဲ့တဲ့နေရာမှာ အရပ်သား သုံးယောက် ထိခိုက်တာလည်း ရှိခဲ့သလို ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ သွားရာလမ်းကြောင်းနဲ့အတူ ယှဉ်သွားတာမျိုး မလုပ်ဖို့ ချိုမိုင်မိုင်တာဝန်ရှိသူက ထပ်မံ မေတ္တာရပ်လိုက်ပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာလည်း ပုလဲသွယ်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို ဝက်လက်ပြည်သူ့တော် လှန်ရေးတပ်ဦး (WPRF)နဲ့ မဟာမိတ်တပ်တွေ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြရာမှာ  စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးတယ်လို့ WPRF ထုတ်ပြန်ပါတယ်။

မေ ၇ ရက်က တိုက်ခိုက်ရာမှာ ဝက်လက်တော်လှန်ရေးတပ်ဦး (WPRF) ၊ မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ Tiger King ပြောက်ကျားအဖွဲ့ ၊ တော် ဝင်ဒေါင်းပြောက်ကျားတပ်ဖွဲ့နဲ့ တခြားတော်လှန်ရေးအဖွဲ့စည်းတွေပါဝင်ပြီး တိုက်ပွဲမှာ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက တော်လှန်ရေး ရဲဘော် ၂  ယောက်နဲ့  အဆက်အသွယ်​​ပြတ်တောက်နေ​တယ်လို့ WPRF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဧပြီ ၂၆ ရက်ကလည်း စစ်ကောင်စီတပ် စစ်ကြောင်းကို ဝက်လက်တော်လှန်ရေးတပ်ဦး WPRF နဲ့ မဟာမိတ်တပ်တွေက ပူးပေါင်းမိုင်းဆွဲ တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ အထိ သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s