မင်းတပ်မြို့နယ်တွင် CDF-မင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေ

ချင်းပြည်နယ် မင်းတပ်မြို့နယ် မင်းတပ်-မတူပီကားလမ်း မိုင်တိုင်အမှတ် ၂၅ မှာ ဒီကနေ့ မနက် ၈ နာရီလောက်ကနေ မွန်းလွဲ ၁ နာရီ လောက်အထိ CDF-မင်းတပ်နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတယ်လို့ CDF-မင်းတပ်ရဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဆလိုင်း ဟာအွမ်က ပြောပါတယ်။

“နှစ်ဖက်တိုက်ပွဲ ​အပြင်းအထန် ဖြစ်ပွားနေတာ ၅ နာရီလောက်ရှိနေပြီဗျ။ ရာသီဦတုဆိုးရွားပြီး မိုးတွေရွာ မြူတွေဆိုင်းနေတာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ အတည်မပြုနိုင်သေးဘူး” လို့ ပြောပါတယ်။

မင်းတပ်-မတူပီကားလမ်းမှာ မေ ၇ ရက် မနက် ၉ နာရီလောက်ကလည်း စစ်ကောင်စီယာဥ်တန်းကို CDF-မင်းတပ် အရန်တပ်ဖွဲ့က တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁ ယောက်သေဆုံးပြီး မိုင်တိုင်- ၃၂ နားမှာလည်း ညနေ ၅ နာရီလောက်က ထိတွေတိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီ တပ်သား တယောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါအပြင် မိုင်တိုင် ၃၀/၃၁ နားမှာလည်း မေ ၇ ရက် နေလယ် ၁၁ နာရီနဲ့ ၁၂ နာရီကြားမှာ စစ်ကောင်စီတပ်သားတွေကို CDF-မင်းတပ်က ပြောက် ကျားနည်းစနစ်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်သား ၅ ယောက်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ပြန် ကြားရေး တာဝန်ခံက ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ မင်းတပ်-မတူပီကားလမ်းဘေးမှာရှိတဲ့ မိုင် ၄၀ ရွာက ပြည်သူတွေရဲ့ နေအိမ် ၃ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြသလို နေအိမ်တွေကို မွှေနှောက်ကာ အဖိုးတန် ပစ္စည်း တွေ နဲ့ ငွေကြေးတွေကို ခိုးယူသွားကြတယ်လို့ ပြောပါတယ်။

အဲဒီ စစ်ကောင်စီယာဥ်တန်းဟာ မင်းတပ်-မတူပီကားလမ်း မိုင်တိုင် ၂၇ နဲ့ ၂၈ နားမှာလည်း မနေ့က မေလ ၈ ရက်နေ့က CDF-မင်းတပ်က ထောင်ထားတဲ့ မိုင်းတွေကို နင်းမိပြီး ကားတစ်ချို့ပျက်စီးခဲ့ကာ ထိခိုက်သေဆုံးတာတွေနဲ့ ပျက်စီးတာတွေကို ရာသီဥတုဆိုးရွားနေလို့ အတိကျ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

ချင်းပြည်နယ်အတွင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေတိုက်ပွဲ ဖြစ်ပွားနေလို့ ဒေသ ခံပြည်သူ ၃၆၃၀၀ လောက် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ Unitet Nation OCHA Myanmar က မေလ ၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s