မန္တလေးတိုင်းကြီးဝန်ချုပ်အပေါ် စွပ်စွဲထားသော အဂတိအမှု စစ်ကိုင်းတိုင်းဝန်ကြီးချုပ် တရားခံပြ သက်သေအဖြင့် ထွက်ဆိုမည်

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပေါ် စစ်ကောင်စီကစွပ်စွဲထားသော အဂတိအမှု အတွက် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက် တာမြင့်နိုင်က တရားခံပြသက်သေအဖြင့် ထွက်ဆိုရန်ရှိကြောင်း အိုးဘိုထောင်တွင်းသတင်းအရင်းအမြစ်က ယနေ့ မဇ္ဈိမကိုပြောသည်။

ယင်း အဂတိအမှုအတွက် မေလ(၁၃)ရက်တွင် မန္တလေးအိုးဘိုထောင်တွင်း အထူးတရားရုံး၌ စစ်ဆေးသွား ရန်ရှိနေပြီး ဒေါက်တာမြင့်နိုင်အ နေဖြင့် Video Conferencing စနစ်ဖြင့် တရားခံပြသက်သေထွက်ဆိုရန် စီစဉ်လျက်ရှိသည် ဟုဆိုသည်။

ထို့အပြင် ယင်းနေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တရားခံပြ သက်သေအဖြစ်စစ်ဆေးရန် စီစဉ်ထားသော်လည်း သက်သေထွက်ဆို ဖြစ်/မဖြစ် မကြိမ်းသေဟု ဆိုသည်။

“လာမယ့် မေလ ၁၃ ရက်နေ့မှာစစ်ဖို အစီအစဉ်လုပ်ထားတယ်။ အခုက တရားခံပြသက်သေတွေ စစ်ဆေး နေတာ။ ပြီးခဲ့တဲ့ မေ ၆ ရက်နေ့က ဒေါ်စုကို စစ်ဆေးဖို့ စီစဉ်ထားတာ ဒေါ်စုက မလာနိုင်ဘူး။ အဲဒါကြောင့် မေ ၁၃ ရက်နေ့ကိုစစ်ဖို့ စီစဉ်ထားတယ်။ ဒေါ်စုကို စစ်ခွင့်ရရင်တော့ စစ်မယ်။ မရရင်တော့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကိုတော့ စစ်ဆေးဖို့စီစဉ်ထားတယ်။ Video Conferencing နဲ့ပဲ စစ်မှာပါ။ လူကို ရုံးထုတ်တော့ မစစ်လောက်ဘူး” ဟု သတင်းရင်းမြစ်က ရှင်းပြသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်မှာ ပုဒ်မ ၅၀၅(ခ)ဖြင့် မုံရွာအကျဉ်းထောင်တွင် ထောင်ဒဏ် နှစ် နှစ်ချမှတ်ခံထားရပြီး ၎င်းကိုယ်တိုင်လည်း စစ်ကောင်စီကစွပ်စွဲထားသော အဂတိအမှုများ နှင့် ဆက်လက်ရင်ဆိုင်နေရသည်။

မေလ(၁၃)ရက်တွင် စစ်ဆေးမည့် အဂတိအမှုများမှာ ဒေါက်တာဇော်မြင့်မောင်အနေဖြင့် ထိုင်းနိုင်ငံတွင် ဆေးဝါးသွားရောက်ကုသစဉ်နှင့် ပြန် လာစဉ်အချိန်တွင် စီးပွားရေးလုပ်ငန်းရှင်မောင်ဝိတ်နှင့်ပတ်သက်၍ စွပ်စွဲထားသော အဂတိအမှု နှစ်မှုနှင့် ဖွံ့ဖြိုးသစ်ကုမ္ပဏီအမှုဆောင်အရာရှိချုပ် ဦးရဲမြင့်နှင့်ပတ်သက်၍ စွပ်စွဲထားသော အဂတိအမှု တစ်မှုတို့ဖြစ်သည်။ ယင်းအမှုများမှာ ရာကြီးမှုအမှတ် (၆)၊ (၇)နှင့် (၈) အမှုတို့ ဖြစ် သည်။

ဒေါက်တာဇော်မြင့်မောင်အားစွပ်စွဲထားသော အဆိုပါ အဂတိအမှုများအတွက် ပြီးခဲ့သည့် ဧပြီ(၂၆) ရက်က အိုးဘိုအကျဉ်းထောင်အတွင်း ထောင်ဒဏ်ချမှတ်ခံထားရသော NLD ပါတီ နာယကဖြစ်သူ ဦးဝင်းထိန်ကို လူကိုယ်တိုင် ရုံးထုတ်၍ တရားခံပြသက်သေအဖြင့် စစ်ဆေးခဲ့ကြသေးသည်။

ဦးဝင်းထိန်၏ထွက်ဆိုချက်တွင် ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် ထိုင်းနိုင်ငံတွင် သွားရောက်ဆေးကု သသည့် ကုန်ကျစရိတ်မှာ NLD ကျန်းမာရေးရန်ပုံငွေမှ အကုန်ကျခံကာကုသပေးခြင်းဖြစ်သည်ဟု ထွက် ဆိုထားသည်။

“ ဒေါက်တာဇော်မြင့်မောင် ထိုင်းမှာဆေးဝါးကုသတဲ့စရိတ်နဲ့ပတ်သက်ပြီးတော့ NLD ကျန်းမာရေးရန်ပုံငွေ ထဲကနေ အကုန်ကျခံကုသပေးနေတယ်ဆိုတာကို သိရတယ်ပေါ့။ NLD ကျန်းမာရေးရန်ပုံငွေအတွက် သူတို့အနေနဲ့ လွှတ်တော်အမတ်တစ်ယောက် လစာရရင် လစာထဲက ၂၅ ရာခိုင်နှုန်း ရန်ပုံငွေစုဆောင်း ထားတဲ့ ငွေတွေအများကြီးရှိတယ်။ NLD နဲ့ ပတ်သက်တဲ့ပုဂ္ဂိုလ်တွေသည် ကျန်းမာရေးအရ၊ လူမှုရေးအရ၊ ကျန်း မာရေးကွန်ရက်ကနေပြီးတော့ စီးပွားရေးအရ၊ ပညာရေးအရ အခက်အခဲဖြစ်ရင် ဒီရန်ပုံငွေတွေထဲ ကနေ ကူညီပေးပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ရင် NLD အကုန်အကျခံတာ အကုန်အသေးစိတ် သူ သိပါတယ်။ သူ့အနေနဲ့ ဘယ်လိုလုပ်ပေးခဲ့တာ သိတယ်။ ဘယ်လောက် ကုန်ကျတယ်ဆိုတာကတော့ NLD ကျန်းမာရေးကွန်ရက်က အဖွဲ့တွေမေးကြည့်မှ သိပါလိမ့်မယ်။ သူကတော့ အတိအကျမသိပါဘူး ဆိုပြီး ထွက်ဆိုသွားတယ်” ဟု သတင်းရင်းမြစ်က ဦးဝင်းထိန်ထွက်ဆိုခဲ့သည့်အပေါ် ရှင်းပြသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s