မုံရွာ GTC ကျောင်းဝန်း၌ တပ်စွဲထားသော စစ် တပ်ကို PDF တပ်ဖွဲ့က ၄ဝ မမ ဗုံးပစ် လောင်ချာများ၊ လက်နက်ငယ်များဖြင့် ၂ ကြိမ် ပစ် ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း မုံရွာ GTC ကျောင်းဝန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို People’s Defence Force – South Monywa တပ်ဖွဲ့က ယနေ့ မေလ ၈ ရက်နေ့ မွန်းလွဲပိုင်းနှင့် ညပိုင်းတွင် ၄ဝ မမ ဗုံးပစ်လောင်ချာများ၊ လက်နက်ငယ်များဖြင့် ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း PDF South Monywa တပ်ဖွဲ့ထံမှ သိရသည်။

ပထမ အကြိမ် ပစ်ခတ်တိုက်ခိုက်မှုကို PDF South Monywa တပ်ဖွဲ့က ယနေ့ မွန်းလွဲ ပိုင်းတွင် ပြုလုပ်ခဲ့ပြီး GTC ကျောင်း ဘန်ကာအနီး ခုံတန်းများတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ထိုင်နေစဉ် PDF South Monywa တပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒုတိယ အကြိမ် ပစ်ခတ်တိုက်ခိုက်မှုကို People’s Defence Force – South Monywa တပ်ဖွဲ့ဝင်များ ယနေ့ ညပိုင်းတွင် ထပ်မံ ပြုလုပ်ခဲ့ပြီး မုံရွာ GTC ကျောင်းရှိ အကြမ်းဖက် စစ်တပ် ဝပ်ကျင်းများကို ၄၀ မမ ဖြင့် ၈ ချက် ပစ်ခတ်ခဲ့ပြီး ၆ ချက်သည် အဆောက်အဦး အတွင်းသို့ တိုက် ရိုက်ထိမှန်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်ခဲ့သော ၂ ကြိမ်အတွင်း စစ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးဘဲ အကြမ်းဖက် စစ်တပ်က လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပြီး PDF South Monywa တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s