မြိတ်ခရိုင်ကျောင်းသားခေါင်းဆောင်ဟောင်း ကိုစိုးသက်ထွဋ်ကို ထောင်ဒဏ် ၂ နှစ်ချမှတ်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုဥက္ကဋ္ဌ ကိုစိုးသက်ထွဋ်ကို  စစ်ကောင်စီက မေလ ၉ ရက်က ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပါတယ်။

မြိတ်မြို့မှာ နေထိုင်တဲ့ ကိုစိုးသက်ထွဋ်ကို စစ်ကောင်စီတပ်ဖွဲ့က ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်ညပိုင်းက နေအိမ်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ကြောရေးမှာ တစ်ရက်ကြာပြီးတဲ့နောက် ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခဲ့တာလည်းဖြစ်ပါတယ်။ 

အဲဒီနောက်မှာတော့ မြိတ်အကျဉ်းထောင်ကို ပို့ဆောင်ခဲ့ပြီး ဒုတိယမြောက်ရုံးချိန်းမှာတော့ အခုလို ထောင်တွင်း သီးသန့် တရားရုံးကနေ ထောင် ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ်က စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ဖေဖော်ဝါရီလ အတွင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တာတွေအပြင် နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ပိုစ့်တွေကို လူမှုကွန်ယက်ပေါ်မှာ ပြန်လည်ဝေမျှခဲ့လို့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တာလို့  မိသားစုဝင်နဲ့ နီးစပ်သူက ပြောပါတယ်။ 

လက်ရှိ မြိတ်အကျဉ်းထောင်ထဲမှာ မိသားစုနဲ့တွေ့ဆုံခွင့်မရရှိသလို ကိုစိုးသက်ထွဋ်က နှလုံးကျန်းမာရေး မကောင်းတာကြောင့် မိသားစုဝင်တွေအနေနဲ့ စိတ်ပူနေကြပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s