မြေလတ် PDF (မြင်းခြံ) အဖွဲ့က လုံခြုံရေးစစ်ဆေးနေစဉ် ခလရ ၄၆ မှ တပ်ကြပ်ကြီး ၁ ဦး၏ သားကို တွေ့ရှိ၊ ၂ ရက်တာ စစ်ဆေးပြီး ပြန်လွှတ်ပေး

မြင်းခြံအခြေစိုက် PDF တဖွဲ့ဖြစ်သော မြေလတ် PDF-MGN District က ထိန်းချုပ်ထားရာ လမ်းပိုင်းတခုတွင် ခရီးသွားကားများကို လုံခြုံရေးစစ်ဆေးနေစဉ် ပူတာအိုအခြေစိုက် အကြမ်းဖက်စစ်ကောင်စီ ခလရ ၄၆ မှ တပ်ကြပ်ကြီး ၁ ဦး၏ သားဖြစ်သူကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း အ ဆိုပါ PDF အဖွဲ့က သတင်းထုတ်ပြန်သည်။

ခလရ ၄၆ တပ်ရင်းတွင် နေထိုင်သော အဆိုပါ ၁၈ နှစ်ရှိ မောင်မျိုးမင်းမြတ်ကို ၂ ရက်တာ ခေါ်ယူစစ်ဆေးကျွေးမွေးခဲ့ကြောင်း၊ ယင်းနောက် MOD လက်အောက်ခံ PDF တို့၏ ကျင့်ဝတ်အတိုင်း လိုရာခရီးကို ဆက်လက်သွားခွင့်ပြုလုပ်ကြောင်း သိရှိရသည်။

ယခု ဖြစ်စဉ်ကို ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေသော ခလရ ၄၆ မှ တပ်ကြပ်ကြီး သိရှိနိုင်ပါစေ ဟု မြေလတ် PDF-MGN အဖွဲ့က ရေး သားဖော်ပြသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s