မြောင်းမြပညာရေးကောလိပ် ခြံစည်းရိုးအုတ်တံတိုင်း ဆောက်လုပ်ပြီး လေးအကြာတွင် ပြိုကျ


ဆောက်လုပ်ပြီးခဲ့သည်မှာ လေးလသာကြာမြင့်သေးသည့် ဧရာဝတီတိုင်း မြောင်းမြမြို့ရှိ ပညာရေး ကောလိပ်ခြံစည်းရိုးအုတ်တံတိုင်း ပြိုကျမှုဖြစ်ပွားခဲ့ပြီး အနီးဝန်းကျင်မှ အမျိုးသမီးတစ်ဦးအနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
မြောင်းမြမြို့တွင် မိုးရွာသည်းထန်စွာရွာသွန်းပြီးနောက် မေလ ၉ ရက်နေ့တွင် အဆိုပါ ခြံစည်းရိုး အုတ် တံတိုင်း ပြိုကျခဲ့ခြင်းဖြစ်သည်။
“ပေ ၄၀ လောက် အတွဲလိုက်ကြီးပြိုကျသွားတာ။ ကာထားတာမှ သုံးလကျော် လေးလလောက်ပဲရှိသေး တယ်။ ဆေးတောင် မသုတ်ရသေးဘူး။ ကျောင်းဝင်းထဲက ဝန်ထမ်းအိမ်တွေနည်းနည်းနဲ့ လူနေအိမ်တွေ နည်းနည်းထိသွားတယ်။ အနားက အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရသွားတယ်။ ဘာလို့ပြိုလဲဆိုရင်တော့ ခိုးလို့ပြိုတာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။
မြောင်းမြမြို့တွင် စည်ပင်သာယာမှ တည်ဆောက်နေသည့် အုတ်ရေမြောင်းများမှာလည်း တည်ဆောက် ပြီး ရက်အနည်းငယ်အကြာတွင် ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။ mizzima